စီဘီအက်စ်သတင်း
From Wikipedia, the free encyclopedia
စီဘီအက်စ် သတင်း (အင်္ဂလိပ်: CBS News) သည် အမေရိကန် ရုပ်မြင်သံကြားနှင့် ရေဒီယိုလုပ်ငန်း စီဘီအက်စ် (CBS) ၏ သတင်းဌာနဖြစ်သည်။ အစီအစဉ်များတွင် ညနေသတင်း၊ မနက်သတင်း၊ မိနစ် ၆၀၊ ၄၈ နာရီ၊ တနင်္ဂနွေမနက်ခင်း နိုင်ငံရေးရာအစီအစဉ်ဖြစ်သော "Face the Nation" များ ပါဝင်သည်။ ရေဒီယိုသတင်းထုတ်လွှင့်မှု၌လည်း များစွာသော ရေဒီယိုဌာနများမှ နာရီအလိုက် သတင်းများကို တင်ဆက်ကြသည်။ စီဘီအက်စ် သတင်းဌာနသည် ၂၄ နာရီ ဒီဂျစ်တယ်သတင်းကွန်ရက် စီဘီအက်စ်အန် (CBSN) ကိုလည်း ဆောင်ရွက်သည်။ ၂၀၂၁ ဧပြီအထိ စီဘီအက်စ် သတင်းဌာန၏ ဥက္ကဋ္ဌနှင့် အကြီးတန်းဦးဆောင်ထုတ်လုပ်သူအရာရှိသည် ဆူဆန် ဇာရင်စကီးဖြစ်၍[1] ဤသတင်းကွန်ရက်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌလည်း ဖြစ်သည်။[2][3]
သတင်းဌာန | စီဘီအက်စ် |
---|---|
အဓိကပုဂ္ဂိုလ်များ | George Cheeks (Chairman and CEO, CBS Entertainment Group) Neeraj Khemlani နှင့် Wendy McMahon (Co-Presidents, CBS News and Television Stations) |
တည်ထောင် | စက်တင်ဘာ ၁၈၊ ၁၉၂၇; ၉၆ နှစ် အကြာက (၁၉၂၇-၀၉-18) |
ရုံးချုပ်များ | CBS Broadcast Center 530 West 57th Street နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု |
ဝန်ဆောင်မှုနယ်ပယ် | ကမ္ဘာအနှံ့ |
ရုပ်သံအစီအစဉ်များ | CBS Evening News CBS This Morning 48 Hours 60 Minutes CBS News Sunday Morning Face the Nation CBS News Radio |
မိခင်ကုမ္ပဏီ | ViacomCBS |
ဝဘ်ဆိုဒ် | cbsnews.com |
Streaming News Network | CBSN |
|
၂၀၂၁ ဧပြီ ၁၅ တွင် စီဘီအက်စ် ရုပ်သံဌာနနှင့် စီဘီအက်စ်သတင်းဌာနတို့က ၎င်းတို့၏ သက်ဆိုင်ရာဌာနအသီးသီးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ[4] စီဘီအက်စ်သတင်းနှင့် ရုပ်သံဌာနများ (CBS News and Television Stations) အမည်တွင်မည်ဟု ကြေညာခဲ့သည်။[5]