ဆာဂေး ဘရင်
From Wikipedia, the free encyclopedia
၁၉၇၃ ဩဂုတ် ၂၁ နေ့တွင် မွေးဖွားသူ ဆာဂေး မီခေးလိုဗစ် ဘရင် သည် ရှရှား-အမေရိကန်လူမျိုး ကွန်ပျူတာ သိပ္ပံပညာရှင်၊ စက်မှုလုပ်ငန်းရှင်တဦးဖြစ်ပြီး အင်တာနက်အသုံးပြု ရှာဖွေရေးနှင့် ကုန်ပစ္စည်းကြော်ငြာခြင်းလုပ်ငန်း အဓိကလုပ်ကိုင်သည့် ကမ္ဘာ့ အကြီးဆုံးအင်တာနက်ကုမ္ပဏီ Google Inc. ကို လယ်ရီပေ့ချ် နှင့် အတူတည်ထောင်ခဲ့သည်။
ဆာဂေး ဘရင် | |
---|---|
မွေးသက္ကရာဇ် | ၂၁ ဩဂုတ်၊ ၁၉၇၃ မော်စကို၊RSFSR၊ဆိုဗီယက်ယူနီယံ |
နိုင်ငံသား | အမေရိကန် |
ပညာရေး | မာရီလန်း တက္ကသိုလ် စတန်းဖို့ဒ် တက္ကသိုလ် |
အလုပ်အကိုင် | Google ကို ပူးတွဲတည်ထောင်သူ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၅ဘီလျံ |
ကြင်ဖော် | Anne Wojcicki |
ဝက်ဘ်ဆိုက် | stanford.edu/~sergey |
အသက် ၆ နှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ကောလိပ်ကျောင်းသားဘဝကို မယ်ရီလန်းတက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး ဘွဲ့မရခင်ကပင် အလုပ်လုပ်ပြီး ဝင်ငွေရှာခဲ့သည်။ သူ့အဖိုးနှင့်အဖေတို့ကဲ့သို့ပင် သင်္ချာပညာနှင့် ကွန်ပျူတာသိပ္ပံပညာရပ်တွင် အထူးပြုဘာသာရပ်နှစ်ခုဖြင့် တက်ရောက်ခဲ့သည်။ မယ်ရီလန်း တက္ကသိုလ်တွင် ဘွဲ့ရပြီးနောက် ကွန်ပျူတာသိပ္ပံပညာတွင် ပါရဂူဘွဲ့ယူရန်အတွက် စတန်းဖို့ဒ် တက္ကသိုလ်သို့ ပြောင်းရွေ့ခဲ့သည်။ စတန်းဖို့ဒ်တက္ကသိုလ် တွင် လယ်ရီပေ့ချ် နဲ့စတင်တွေ့ဆုံခဲ့သည်။ သူတို့ အဆောင်အခန်းတွင်းတွင် ဈေးပေါသော ကွန်ပျူတာများကို ပြည့်ကျပ်နေအောင်ထည့်ထားပြီး အစွမ်းထက်ရှာဖွေရေးလုပ်နိုင်သည့်စက်ကို တည်ဆောက်ရန် ဘရင်၏ အချက်အလက် ရှာဖွေရေးစနစ်ကို အသုံးပြုခဲ့သည်။ ထိုတီထွင်မှုသည် စတန်ဖို့ဒ်တက္ကသိုလ်၌ လူသိများလာခဲ့ပြီး နောင်တွင်နာမည် ကျော်ကြားလာမည့် search engine တခုဖြစ်သော Google ကို ငှားရမ်းထားသော ကားဂိုဒေါင်ကြီးထဲတွင် ဆက်လက်တီထွင် နိုင်ရန် သူတို့၏ ပါရဂူဘွဲ့အတွက် လေ့လာမှုများကို ခေတ္တရပ်နားထားခဲ့သည်။
နာမည်ကျော် The Economist Magazine က ဘရင် အား အသိအမြင်ကြွယ်ဝစေသော လူတယောက်အဖြစ် ရည်ညွန်း ပြောဆိုခဲ့ပြီး “ကမ္ဘာ အချက်အလက်များအားလုံးကို ပြုလုပ်ပေးထားခြင်းဖြင့် နေရာမရွေး၊ အချိန်မရွေး၊ လူတိုင်း သုံးရလွယ်ကူပြီး အသုံးတည့်စေရမယ်” ဟူသော Google ၏ဆောင်ပုဒ်အပေါ်တွင် သုံးသပ်ပြီး ပေါ်ထွက်လာတဲ့ “အသိပညာ ဗဟုသုတရှိခြင်းက အမြဲတစေကောင်းမွန်ပြီး၊ မသိနားမလည်မှုထက် ကျိန်းသေပိုမိုကောင်းမွန်သောအရာ ဖြစ်သည်“ ဟူသော အယူအဆကို လက်ခံယုံကြည်သူ တယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။