အင်တာနက်ဝန်ဆောင်မှုပေးသူ
From Wikipedia, the free encyclopedia
အင်တာနက်ဝန်ဆောင်မှုပေးသူ (အင်္ဂလိပ်: Internet service provider; အတိုကောက် ISP)၊ တစ်ခါတစ်ရံ အင်တာနက်သုံးစွဲခွင့်ပေး သူ (အိုင်အေပီ) (IAP) ဟုလည်း ညွှန်းဆိုသည့် ကုမ္ပဏီတစ်ခုသည်၎င်း၏ဝယ်ယူသူများအား အင်တာနက်သုံးစွဲခွင့်ပေးသည်။ အိုင်အက်စ်ပီသည် အင်တာနက် လုပ်ထုံးလုပ်နည်းပုံစံ (Internet Protocol Paradigm) ပေးပို့ရန်အတွက် သင့်တော်သော အချက်အလက်ထုတ် လွှင့်ခြင်း နည်းပညာတစ်ခုကို ၎င်း၏ဝယ်ယူသူများအား ဆက်သွယ်ပေးထားသည်။ ၎င်းတို့မှာ မိုဒမ်းကို အသုံးပြု၍ တယ်လီဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်အသုံးပြုခြင်း (dial-up)၊ ဒီအက်စ်အယ်လ် (DSL)၊ မိုဒမ်းကြိုး (cable moderm)၊ ဝါယာလက် သို့မဟုတ် ရည်ညွှန်း သည့် မြန်နှုန်းမြှင့် အပြန်အလှန်ဆက်သွယ်မှုတို့ ဖြစ်ကြသည်။
အိုင်အက်စ်ပီသည် အသုံးပြုသူတို့ကို အီလက်ထရောနစ်သတင်းစကားများ ပေးပို့ခြင်းနှင့် လက်ခံရယူခြင်းတို့အား ၎င်းတို့၏အိုင်အက်စ်ပီဆာဗာများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရန် အင်တာနက် အီးမေးလ်အကောင့်များ ပေးခြင်းဖြင့် ခွင့်ပြုထားပါလိမ့်မည်။ ISP များသည် အချက်အလက်ဖိုင်များကို ၎င်းတို့၏ဝယ်ယူသူများကိုယ်စား အဝေးမှ သီးခြားသိမ်းဆည်းပေးခြင်း စသောဝန်ဆောင်မှုများအပြင် အိုင်အက်စ်ပီတစ်ခုချင်းအတွက် တိကျသော အခြားဝန်ဆောင်မှုများကိုလည်း ပေးလိမ့်မည်ဖြစ်သည်။