မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု
မြန်မာ၌ ဖြစ်ပွားဆဲ ကိုဗစ်၁၉ ကပ်ဆိုး / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ဖြစ်ပွားမှုအား ၂၀၂၀ပြည့်နှစ် မတ်လ ၂၃ရက်နေ့ည ၁၁:၄၅မိနစ်အချိန်တွင် အတည်ပြုလူနာ ၂ ဦးဖြင့်စတင်တွေ့ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်အထိ အတည်ပြုလူနာ ၁၀၅၈ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်သက်သာလာသူ ၃၅၈ ဦးရှိသည်။[3]မတ်လ ၃၁ရက်နေ့ နံနက် ၇:၂၅အချိန်တွင် နှာခေါင်းကင်ဆာခံစားနေရသော အတည်ပြုလူနာ C5မှာ ကွယ်လွန်ခဲ့ပြီး ပထမဦးဆုံးသော သေဆုံးသူဖြစ်လာသည်။
≥၁၀၀၀၀၀
၁၀၀၀၀–၉၉၉၉၉
၅၀၀၀–၉၉၉၉
၁၀၀၀–၄၉၉၉
၅၀၀–၉၉၉
၁၀၀–၄၉၉
၅၀–၉၉
၁၀–၄၉
၁–၉ | |
ရောဂါ | COVID-19 |
---|---|
ဗိုင်းရပ်စ် ဗီဇ | SARS-CoV-2 |
ပထမဆုံး ဖြစ်ပွားမှု | တီးတိန်မြို့၊ ချင်းပြည်နယ်[1] |
ရက်စွဲ | ၂၃ မတ် ၂၀၂၀ |
မူလရင်းမြစ် | ဝူဟန်မြို့၊ ဟူပေခရိုင်၊ တရုတ်နိုင်ငံ |
အတည်ပြုပြီး | ၁၅၉,၃၄၇[2] |
ပြန်လည်ကောင်းမွန်သူ | ၁၃၆,၉၉၂[2] |
သေဆုံးသူ | ၃,၃၄၇[2] |
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ဒုတိယပတ်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေ၌ ကူးစက်မြန် ကိုဗစ်အမျိုးအစား စတင်တွေ့ရှိသည်မှ ရခိုင်ပြည်နယ် တဒေသလုံးနှင့် ရန်ကုန်တိုင်းနှင့် အခြားဒေသများတွင်ပါ case များ ခပ်စိပ်စိပ် တွေ့လာရပြီး၊ ပထမဦးဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကူးစက်လူနာ ၆၃ ဦး စုစုပေါင်း ၁၀၅၈ ဦး ဖြင့် ထောင်ကျော်သော မှတ်တမ်း ဝင်သွားသည်။