နေပြည်တော်မြို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် / From Wikipedia, the free encyclopedia
နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ ၌ တည်ရှိသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။[3]
နေပြည်တော် | |
---|---|
အုပ်ချုပ်ရေးမြို့တော် | |
နေပြည်တော် တည်နေရာပြ မြေပုံ | |
ကိုဩဒိနိတ်: 19°45′N 96°6′E | |
နိုင်ငံ | မြန်မာနိုင်ငံ |
နယ်မြေ | နေပြည်တော် ပြည်ထောင်စုနယ်မြေ |
မြို့နယ်များ | ၈ မြို့နယ် |
တည်ထောင် | ၂၀၀၅ |
Incorporated | ၂၀၀၈ |
အစိုးရ[1] | |
• မြို့တော်ဝန် | ဒေါက်တာမောင်မောင်နိုင် |
ဧရိယာ | |
• စုစုပေါင်း | ၇၀၅၄.၃၇ စတုရန်းကီလိုမီတာ (၂၇၂၃.၇၁ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၁၅ မီတာ (၃၇၇ ပေ) |
လူဦးရေ | |
• စုစုပေါင်း | ၉၂၄,၆၀၈[2] |
• သိပ်သည်းမှု | ၁၃၁.၁/km၂ (၃၃၉.၅/sq mi) |
• လူမျိုးများ | ဗမာ၊မွန် |
• လူမျိုးများ သိပ်သည်းမှု | ၁၃၁.၁/km၂ (၃၃၉.၆/sq mi) |
• ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+၆:၃၀) |
ဧရိယာကုဒ်(များ) | ၀၆၇ |
ဝက်ဘ်ဆိုဒ် | travelnaypyitaw.org |
+1 |
မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး၊ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယ လူဦးရေအများဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ သမ္မတအိမ်တော် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တို့သည် နေပြည်တော်၌ တည်ရှိသည်။ နေပြည်တော်သည် ၂၄ နှင့် ၂၅ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၊ တတိယကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၊ နဝမကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များကျင်းပခဲ့သည်။