ကဏန်း နက်ဗျူလာ
ဆူပါနိုပါ လက်ကျန် / From Wikipedia, the free encyclopedia
ကဏန်း နက်ဗျူလာ (အင်္ဂလိပ်: Crab Nebula) သည် တောရပ် ကြယ်စုတန်းထဲမှ ဆူပါနိုဗာ လက်ကျန်နှင့် ပါလ်ဆာလေ နက်ဗျူလာဖြစ်သည်။ ယခုလက်ရှိ အမည်နာမသည် ၁၈၄ဝ ခုနှစ်တွင် ၃၆ လက်မအရှည် တယ်လီစကုပ်ဖြင့် ဝီလီယံ ပါဆင်ဆိုသည့်ပုဂ္ဂိုလ်၏ ကဏန်းပုံစံ တွေ့ရှိချက်အတိုင်း မှည့်ခေါ်ထားခြင်းဖြစ်သည်။ ၁ဝ၅၄ ခုနှစ်တွင် တရုတ်နက္ခတ္တပညာရှင်များ၏ တောက်ပသော ဆူပါနိုဗာနှင့်ဆက်နွယ်ကာ နောက်ပိုင်းတွင် အင်္ဂလိပ်လူမျိုး နက္ခတ္တပညာရှင် ဂျွန် ဘီဘစ်က ၁၇၃၁ ခုနှစ်တွင် လေ့လာခဲ့သည်။ နက်ဗျူလာသည် သမိုင်းဝင် ဆူပါနိုဗာပေါက်ကွဲမှုဖြင့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ နက်ဗျူလာသည် စေတန်ဂြိုဟ်၏ ဂြိုဟ်ရံလ တိုက်တန်နှင့်နှိုင်းယှဉ်ကာ ပကတိ တောက်ပမှု ၈.၄ ရှိသောကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ နက်ဗျူလာသည် ကမ္ဘာမှဆိုသော် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ ပါဆီးယပ် လက်မောင်းအနား ၂.ဝ Kiloparsecs (အလင်းနှစ် ၆၅ဝဝ) အကွာတွင် တည်ရှိသည်။ ယင်းသည် အချင်းအားဖြင့် ၃.၄ parsecs (အလင်းနှစ် ၁၁) ရှိကာ တစ်စက္ကန့်လျင် ၁၅ဝဝ ကီလိုမီတာနှုန်းဖြင့် ပြန့်ကားနေသည်။ နက်ဗျူလာ၏အလယ်ဗဟိုတွင်ကား ဂဏန်း ပါလ်ဆာ (Crab Pulsar) တည်ရှိသည်။ ယင်းသည် နယူထရွန်ကြယ်တစ်စင်းဖြစ်ပြီး ၂ဝ-၃ဝ ကီလိုမီတာ (၁၇-၁၉ မိုင်) ရှိကာ တစ်စက္ကန့်လျင် ၃ဝ.၂ ကြိမ်နှုန်း လည်ပတ်လျက်ရှိသည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှုမှာ ဂါမာရောင်ခြည်မှသည် ရေဒီယိုလှိုင်းများအဖြစ် ထုတ်လွှင့်ပေးလျက်ရှိသည်။ ကဏန်း နက်ဗျူလာသည် ကောင်းကင်ယံတွင် အတောက်ပဆုံး ဂါမာရောင်ခြည်ပင်ရင်းတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။
နက်ဗျူလာ | |
---|---|
ဟာဘဲလ် အာကာသမှန်ပြောင်းမှ သီးသန့် မြင်ကွင်းကျယ်နှင့်ဂြိုဟ်ဆိုင်ရာ ကင်မရာဖြင့်
၁၉၉၉ အောက်တိုဘာ၊ ၂ဝဝဝ ဇန်နဝါရီ၊ ၂ဝဝဝ ဒီဇင်ဘာလတွင် ဖမ်းယူထားသော ပုံရိပ် | |
လေ့လာမှု ဒေတာ: J2000.0 Epoch | |
ညာဘက် တိမ်းစောင်းမှု | 05° 34′ 31.94″[1] |
နိမ့်ဆင်းမှု | +22° 00′ 52.2″[1] |
အကွာအဝေး | 7003650000000000000♠6500±1600 ly (7003200000000000000♠2000±500 pc) |
အမြင် တောက်ပမှု (V) | +၈.၄ |
အမြင် ဒိုင်မင်းရှင်း (V) | 420″ × 290″ |
ကြယ်စုတန်း | ပြိဿ နက္ခတ်တာရာ |
ရုပ်သွင်ပြင် လက္ခဏာ | |
အချင်းဝက် | ~၅.၅ ly (~၁.၇[2] pc) |
ပကတိ တောက်ပမှု (V) | 7000310000000000000♠−3.1±0.5[c] |
သိသာသော သွင်ပြင်များ | အလင်းပြန် ပါလဆာ |
သတ်မှတ်ချက်များ | Messier 1, NGC 1952, Taurus A, Sh2-244[1] |
အခြားကြည့်ရန်: နက်ဗျူလာများ စာရင်း |