ကပီဘာရာ ကြွက်ကြီး
From Wikipedia, the free encyclopedia
ကပီဘာရာ ကြွက်ကြီး (အင်္ဂလိပ်: Capybara (or) Greater Capybara)[မှတ်စု 1] (မျိုးစိတ်အမည်- Hydrochoerus hydrochaeris) သည် တောင်အမေရိက၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ဧရာမကြွက်ကြီးတစ်မျိုးဖြစ်သည်။ ၎င်းသည် အကြီးမားဆုံးသော ရှင်သန်ဆဲ ကိုက်ဖြတ် သတ္တဝါ မျိုးစိတ်[2]ဖြစ်သည်။ ကျန်ရှိသော တစ်ခုတည်းသော အဖွဲ့ဝင်မှာ ကပီဘာရာ ကြွက်ငယ် (မျိုးစိတ်- Hydrochoerus isthmius) ဖြစ်သည်။ ၎င်းသည် ပူးများနှင့် မျိုးရိုးနီးစပ်ပြီး အဂူတီ၊ ချင်ချီလာ ရှဉ့်တို့နှင့် ပိုမိုဝေးကွာစွာ မျိုးရိုးနီးစပ်သည်။ ကပီဘာရာ ကြွက်ကြီးများသည် ဆာဗာနား မြက်ခင်းပြင်များနှင့် ထူထပ်သော သစ်တောများထဲတွင် နေထိုင်ကြပြီး ရေနှင့်နီးသော အရပ်တွင် ကျက်စားလေ့ရှိသည်။ ကပီဘာရာများသည် အုပ်စုဖွဲ့နေထိုင်ခြင်းအား အလွန်နှစ်သက်သော မျိုးစိတ်တစ်ခုဖြစ်ပြီး အကောင်ရေ ၁၀၀ အထိရှိသည့် ကြီးမားသော အုပ်စုများကို တွေ့ရှိနိုင်သော်လည်း အများစုမှာမူ အကောင်ရေ ၁၀ မှ ၂၀ အထိသာ စုဖွဲ့နေထိုင်ကြသည်။
ကပီဘာရာ ကြွက်ကြီး | |
---|---|
ဘရာဇီးနိုင်ငံ၊ ပန်တံနယ်ဒေသတွင်တွေ့ရသော ကပီဘာရာ ကြွက်ကြီး | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Rodentia |
မျိုးရင်း: | Caviidae |
မျိုးရင်းသေး: | Hydrochoerinae |
မျိုးစု: | Hydrochoerus |
မျိုးစိတ်: | H. hydrochaeris |
ဒွိနာမ | |
Hydrochoerus hydrochaeris (လင်းနီးယပ်၊ ၁၇၆၆) | |
နေထိုင်ကျက်စားရာ ဒေသရင်းနယ်မြေများ | |
Synonyms | |
Sus hydrochaeris လင်းနီးယပ်၊ ၁၇၆၆ |