ကိုလိုနီခေတ်
မြန်မာ့သမိုင်းအချိန်ကာလ / From Wikipedia, the free encyclopedia
ကိုလိုနီခေတ်သည် ဗြိတိသျှတို့ကမြန်မာနိုင်ငံကို စစ်သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သောခေတ်ဖြစ်သည်။ ကိုလိုနီခေတ်ကာလ မြန်မာနယ်ကို ဗြိတိသျှဘားမား (British Burma) ဟူ၍ခေါ်ဆိုကြသည်။ အင်္ဂလိပ်တို့သည် ပထမ အင်္ဂလိပ်–မြန်မာ စစ်ပွဲအပြီးတွင် ရခိုင်နှင့်တနင်္သာရီတို့ကိုရရှိခဲ့ရာ အိန္ဒိယ၏ ပြည်နယ်ငယ် (minor province) အဖြစ်အုပ်ချုပ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသောအခါတွင် ပြည်နယ်ကြီး (major province) အဖြစ်အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ မှစ၍ မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ကာ သီးခြားကိုလိုနီအဖြစ်ထားရှိခဲ့သည်။
ဗြိတိသျှဘားမား British Burma | |
---|---|
နိုင်ငံတော် သီချင်း:
| |
လက်ရှိအခြေအနေ | ဘင်္ဂလားနယ်မြေ (၁၈၂၆–၁၈၆၂) ဗြိတိသျှအိန္ဒိယ၏ပြည်နယ် (၁၈၆၂–၁၉၃၇) ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ကိုလိုနီ (၁၉၃၇–၁၉၄၈) |
မြို့တော် |
|
အခြား ဘာသာစကားများ | အင်္ဂလိပ်ဘာသာ (တရားဝင်)၊ မြန်မာဘာသာ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ |
အစိုးရ | |
• ဘုရင် |
|
• ဘုရင်ခံ |
|
ဥပဒေပြုလွှတ်တော် | ဥပဒေပြုကောင်စီ (၁၈၉၇–၁၉၄၆) လွှတ်တော် (၁၉၃၆–၁၉၄၇) |
ဆီးနိတ် | |
ပြည်သူ့လွှတ်တော် | |
ဖြစ်ရပ်များ | |
၅ မတ် ၁၈၂၄ | |
၁၈၂၄–၁၈၂၆၊ ၁၈၅၂၊ ၁၈၈၅ | |
• ပထမကျောင်းသားသပိတ် | ၅ ဒီဇင်ဘာ ၁၉၂၀ |
• တောင်သူလယ်သမား အရေးတော်ပုံ | ၂၂ ဒီဇင်ဘာ ၁၉၃၀ |
• အိန္ဒိယမှ ခွဲထုတ်ခြင်း | ၁၉၃၇ |
၈ ဇန်နဝါရီ ၁၉၃၈ | |
၁၉၄၂–၁၉၄၅ | |
၄ ဇန်နဝါရီ ၁၉၄၈ | |
ဧရိယာ | |
• စုစုပေါင်း | ၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi) |
ငွေကြေး | မြန်မာရူပီး၊ အိန္ဒိယရူပီး၊ ပေါင်စတာလင် |
ISO 3166 ကုဒ် | MM |
မြန်မာနိုင်ငံသားများသည် ဦးစွာနယ်ချဲ့အင်္ဂလိပ်များကို ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ကြသည်။ ထို့နောက် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသော အသင်းအဖွဲ့များဖြင့် နိုင်ငံရေးနည်းဖြင့် လွတ်လပ်ရေးရယူရန် ကြိုးပမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလတွင် စစ်နည်းဖြင့် အင်္ဂလိပ်တို့ကို တိုက်ထုတ်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ စနစ်ဆိုးကြောင့် ဆက်လက်တော်လှန်ခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ်တို့ပြန်ရောက်လာ၍ ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၈ ရောက်မှသာ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကိုရရှိခဲ့သည်။
မြန်မာကိုလိုနီကို တစ်ခါတစ်ရံ စကော့တလန်ကိုလိုနီဟု ခေါ်ဆိုရည်ညွှန်းကြသည်။ မြန်မာနိုင်ငံကိုသိမ်းပိုက်ရာ၌ အဓိကပါဝင်သူများမှာ စကော့တလန်လူမျိုးများ ဖြစ်သောကြောင့်ဖြစ်သည်။