ကြယ်တို့၏ ဆင့်ကဲပြောင်းလဲမှု
From Wikipedia, the free encyclopedia
ကြယ်တို့၏ ဆင့်ကဲပြောင်းလဲပုံ ဆိုသည်မှာ ကြယ်တို့ အချိန်နှင့် အမျှ ပြောင်းလဲလာပုံကို လေ့လာခြင်း ဖြစ်သည်။ ကြယ်တို့သည် သူတို့ စတင်မွေးဖွားသည့် အချိန်မှစ၍ စွမ်းအင် ကုန်ဆုံးသည့် အချိန်အတွင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ကြသည်။ ကြယ်တို့သည် အလင်း နှင့် အပူတို့ကို နှစ်ပေါင်း သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာ ထုတ်လွှတ်နိုင်ကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင်တို့သည် သက်တမ်းအမျိုးမျိုးတွင် ရှိနေသော ကြယ်ပေါင်းများစွာကို ကြည့်ရှုခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။
ကြယ်၏ သက်တမ်းတလျှောက်တွင် ဖြတ်သန်းရသော အဆင့်များမှာ နက်ဗျူလာ ၊ ပင်မ အစီအစဉ် အတွင်းရှိကြယ် ၊ ဧရာမ ကြယ်နီ ထိုမှတဆင့် ကြယ်ပုဖြူ ၊ ကြယ်ပုနက်၊ နယူထရွန်ကြယ် သို့မဟုတ် တွင်းမည်း စသည်ဖြင့် ဖြစ်သည်။