ကြိမ်နှုန်း
From Wikipedia, the free encyclopedia
ကြိမ်နှုန်း (frequnecy) ဆိုသည်မှာ သတ်မှတ်ထားသည့် အချိန် အတိုင်းအတာ အတောအတွင်း ထပ်ခါတလဲလဲ ဖြစ်ပျက်သည့်အရေအတွက် (ဝါ) သံသရာစက်ဝန်း တစ်ပတ်စာ လည်ပတ်နေသည့် အကြိမ်အရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်။[1] ကြိမ်နှုန်းကို ဟက်ဇ် (Hertz - Hz) ဖြင့် တိုင်းတာပြီး တစ်စက္ကန့်လျှင် ဖြစ်ရပ်တစ်ကြိမ် ဖြစ်ပွားမှုနှင့် ညီမျှသည်။
အချက်တိုများ ကြိမ်နှုန်း (Frequency), ယေဘုယျ သင်္ကေတ ...
ကြိမ်နှုန်း (Frequency) | |
---|---|
ကြိမ်နှုန်း ၀.၄၂ ဟက်ဇ်။ စက္ကန့် ၆၀ တွင် အပြန်အလှန် အခေါက်ရေ ၂၅ ခါ ပြီးမြောက်မှုနှုန်းဖြင့် လွှဲနေသော ချိန်သီးတစ်လုံး။ | |
ယေဘုယျ သင်္ကေတ | f, ν |
SI ယူနစ် | ဟက်ဇ် (Hertz - Hz) |
အခြားယူနစ်များ |
|
SI အခြေပြု ယူနစ်များ | s−1 |
SI ဒိုင်မင်းရှင်း | ဝီကီဒေတာ |
Derivations from other quantities |
|
ပိတ်ရန်
ကြာမြင့်ချိန် (သို့) ကာလသည် ထပ်ခါတလဲလဲဖြစ်ပွားနေသော ဖြစ်ရပ်တစ်ခု၏ သံသရာတစ်ပတ်လည်မှု ကြာချိန်ဖြစ်သောကြောင့် ကာလသည် ကြိမ်နှုန်း၏ အပြန်အလှန်ဖြစ်သည်။[2] ဥပမာအားဖြင့် နှလုံးသည် တစ်မိနစ်လျှင် အကြိမ်ရေ ၁၂၀ (2 Hz) ဖြင့် ခုန်နေသည်ဆိုပါက ၎င်း စည်းချက်တစ်ခုနှင့် တစ်ခုအကြားကာလ ( T )သည် တစ်စက္ကန့်၏ တစ်ဝက်ဖြစ်သည် (အချိန် ၆၀ စက္ကန့် ကို အခေါက်ရေ ၁၂၀ နှင့် စားခြင်း)။