ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်
From Wikipedia, the free encyclopedia
ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် နဂါးငွေ့တန်း ဂလက်ဆီ၏ အရံ ဂလက်ဆီ (satellite galaxy) တစ်ခုဖြစ်သည်။ ယင်းသည် ၅၀ kiloparsecs (အလင်းနှစ် ≈၁၆၀,၀၀၀ ဝန်းကျင်) အကွာအဝေးတွင် တည်ရှိပြီး[2][5][6] Sagittarius Dwarf Spheroidal ဂလက်ဆီပြီးလျင် နဂါးငွေ့တန်း ဂလက်ဆီနှင့် ဒုတိယ သို့မဟုတ် တတိယ အနီးဆုံး ဂလက်ဆီဖြစ်သည်။ မြင်နိုင်သောကြယ်များနှင့် နေထုထည်ပေါင်း ၁၀ ဘီလီယံနီးပါးခန့်တို့ကိုအခြေခံ၍ တွက်ချက်ချက်အရ ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်၏ အချင်းမှာ အလင်းနှစ် ၁၄,၀၀၀ ရှိသည်။ ယင်းသည် နဂါးငွေ့တန်းဂလက်ဆီ၏ ထုထည်ပမာဏ ၁၀၀ ပုံ ၁ ပုံခန့်ရှိပြီး[3] Local Group တွင် အင်ဒရိုမီဒါ ဂလက်ဆီ၊ နဂါးငွေ့တန်းနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီပြီးလျင် လေးခုမြောက် အကြီးဆုံး ဂလက်ဆီဖြစ်သည်။ နောင်နှစ်ပေါင်း ၂.၄ ဘီလီယံနီးပါးခန့်တွင် နဂါးငွေ့တန်း ဂလက်ဆီနှင့် တိုက်မိမည်ဟု ခန့်မှန်းထားသည်။[7]
Large Magellanic Cloud | |
---|---|
လေ့လာရေး ဒေတာ (J2000 epoch) | |
ကြယ်စုတန်း | ဒိုရာဒို/မန်းဆာ |
ညာဘက် တိမ်းစောင်းမှု | 05° 23′ 34.5″[1] |
နိမ့်ဆင်းမှု | −69° 45′ 22″[1] |
ကော့စမစ် အကွာအဝေး လှေကား | 163.0 kly (49.97 kpc)[2] |
ဂယ်လက်ဆီ ခွဲခြားမှု | SB(s)m[1] |
ဒြပ်ထု | 1010[3] M☉ |
အရွယ်အစား (ly) | 14,000 ly in diameter (~4.3 kpc)[3] |
ထောင့်ဖြတ် အချင်း (V) | 10.75° × 9.17°[1] |
မြင်သာသော အရွယ်အစား (V) | 0.9[1] |
အခြား ဂုဏ်သတ္တိများ | |
LMC, ESO 56- G 115, PGC 17223,[1] Nubecula Major[4] | |
အခြားကြည့်ရန်: ဂယ်လက်ဆီ၊ ဂယ်လက်ဆီ စာရင်း |