ခိယောမိဇုကျောင်းတော်
From Wikipedia, the free encyclopedia
ခိယောမိဇုကျောင်းတော် (清水寺, ခိယောမိဇုဒဲရ)သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့အရှေ့ပိုင်းတွင် တည်ရှိသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။ ယခင်က ဤကျောင်းတော်ကို အိုတိုဝဆန်းခိယောမိဇုကျောင်းတော် (音羽山清水寺) ဟု သိကြသည်။ ဤကျောင်းတော်သည် ယူနက်စကိုကမ္ဘာအမွေအနှစ်နေရာဖြစ်သည့် တိုကျိုရှေးဟောင်းသမိုင်းဝင်အဆောက်အဦး (ကျိုတို၊ အုဂျိနှင့် အိုဆုမြို့များ)တွင် ပါဝင်သည်။
ခိယောမိဇုကျောင်းတော် | |
---|---|
清水寺 | |
အချက်အလက်များ | |
တည်နေရာ | ၁-၂၉၄၊ ဟိဂရှိယာမရပ်ကွက်၊ ကျိုတို၊ ကျိုတိုစီရင်စုနယ် |
ဘာသာရေး နှီးနွယ်မှု | Kita-Hossō |
နတ်ဘုရား | Senju-Kannon (Sahasrabhuja Ārya Avalokiteśvara) |
နိုင်ငံ | ဂျပန် |
ဝက်ဘ်ဆိုဒ် | kiyomizudera.or.jp |
ဗိသုကာ | |
တည်ထောင်သူ | ဆခနိုအုအဲနို တမုရမရို (တိုခုဂဝအိအဲမိဆု ပြန်လည်ပြင်ဆင်) |
ပြီးစီး | ၇၇၈ |
ခိယောမိဇုကျောင်းတော် | |||||
"Kiyomizu-dera" in kanji | |||||
ဂျပန်အမည် | |||||
---|---|---|---|---|---|
Kanji | 清水寺 | ||||
Hiragana | きよみずでら | ||||
|
ခိယောမိဇုအမည်ဖြင့် ရှိမနဲစီရင်စု၊ ယစုဂိမြို့တွင် နောက်ထပ်ကျောင်းတော်တစ်ခု ရှိသေးသည်။ ထိုကျောင်းတော်သည် ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ Chūgoku 33 Kannon Pilgrimage ၏ ကျောင်းတော် ၃၃ ခုတွင် ပါဝင်သည်။ ဤကျောင်းတော်သည် ဗုဒ္ဓဘာသာရဟန်း နိချိရန်း (Nichiren) နှင့် ဆက်စပ်လျက်ရှိသည်။
ခိယောမိဇုကျောင်းတော်သည် လက်ရှိအချိန်တွင် တစ်ပိုင်းတစ်စဖောက်ထွင်းမြင်နိုင်ရသည့် ငြမ်းစင်များဖြင့် ကာရံထားသည်။ ၂၀၂၀ ခုနှစ် အိုလံပစ်အတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။