စာကလေးနှင့် အလားတူငှက်များ
ငှက်မျိုးစဉ် / From Wikipedia, the free encyclopedia
စာကလေးနှင့် အလားတူငှက်များ[မှတ်စု 1] (အင်္ဂလိပ်: Passerine) သည် ငှက်မျိုးစဉ်ပေါင်း (Order) ၂၇ ခုရှိသည်အနက် မျိုးစဉ် Passeriformes (/ˈpæsərɪfɔːrmiːz/) ၏ မည်သည့်ငှက်ကိုမဆို ခေါ်ဆိုသည်။ ယင်းမျိုးစဉ်တွင် ငှက်မျိုးစိတ် (Species) အားလုံး၏ ထက်ဝက်မက ပါဝင်သည်။ တခါတရံတွင် တေးသီငှက်များ (Songbird) ဟုသိကြပြီး စာကလေးနှင့် အလားတူငှက်များသည် အခြားမျိုးစဉ်များနှင့် ကွဲပြားရန် ယင်းတို့၏ခြေထောက်ဖွဲ့စည်းပုံဖြင့် (ခြေချောင်း ၃ ခုသည် ရှေ့ဘက်သို့ ထိုးထွက်နေပြီး ၁ ချောင်းမှာ နောက်ဘက်သို့ ထိုးထွက်နေသောပုံစံ) သတ်မှတ်ပိုင်းခြားသည်။
စာကလေးနှင့် အလားတူငှက်များ | |
---|---|
ညာဘက်ထိပ်ဆုံးမှ နာရီလက်တံအတိုင်း- Palestine sunbird (Cinnyris osea), blue jay (Cyanocitta cristata), အိမ်စာကလေး (Passer domesticus), တစ်ငှက်ကြီး (Parus major), hooded crow (Corvus cornix), southern masked weaver (Ploceus velatus) | |
Song of a purple-crowned fairywren (Malurus coronatus) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Psittacopasserae |
မျိုးစဉ်: | Passeriformes လင်းနီးယပ်၊ ၁၇၅၈ |
မျိုးစဉ်ခွဲများ | |
and see text | |
ဇီဝမျိုးစုံမျိုးကွဲ | |
Roughly 140 families, 6,500 species |
မျိုးရင်း (Family) ၁၄၀ ကျော်နှင့် မျိုးစိတ်ပေါင်း ၆၅၀၀ ရှိသော[1] စာကလေးနှင့် အလားတူငှက်များသည် အကြီးဆုံး ငှက်မျိုးစဉ်ဖြစ်ပြီး ငှက်အားလုံး၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။[2][3] စာကလေးနှင့် အလားတူငှက်များကို Acanthisitti (New Zealand wrens), Tyranni (suboscines) နှင့် Passeri (oscines) ဟူ၍ မျိုးစဉ်ခွဲ ၃ ခု ထပ်မံခွဲသည်။ [4] "passerine" နှင့် "Passeriformes" ဟူသောအမည်သည် အိမ်စာကလေး (Passer domesticus) ၏ သိပ္ပံအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ လက်တင်ဘာသာဖြင့် passer ဆိုသည်မှာ စာကလေးနှင့် အလားတူငှက်ကလေးများကို ရည်ညွှန်းသည်။