ဆဒမ် ဟူစိန်
From Wikipedia, the free encyclopedia
ဆဒမ်း ဟူစိန်း အာ့ဘ် အယ်မဂျဒီး အက်လ် တက်ရ်တီး (အင်္ဂလိပ်: Saddam Hussein Abd al-Majid al-Tikriti)[3][မှတ်စု 1] 28 April 1937[မှတ်စု 2] – 30 December 2006) သည် ၁၉၇၉ ဇူလိုင် ၁၆မှ မှ ၂၀၀၃ ဧပြီ ၉ အထိ တာဝန်ထမ်းဆောင်ခဲ့သော အီရတ်နိုင်ငံ၏ ပဉ္စမမြောက် သမ္မတတစ်ဦးဖြစ်သည်။[8] တော်လှန်ရေး အာရပ် ဆိုရှယ်လစ်ဘားသ်ပါတီ(Arab Socialist Ba'ath Party)၏ ဦးဆောင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီးနောက် (အီရတ်လူမျိုးရေးအဓိကဂိုဏ်း) ဘဂ္ဂဒက်အခြေစိုက် ဘားသ်ပါတီ နှင့် ၎င်း၏ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် (အာရပ်ရောနှောမှု နှင့် ဆိုရှယ်လစ်ဝါဒကိုလက်ခံအားပေးသော ဘားသ်ဝါဒ ) အီရတ်ဘားသ်ပါတီတို့၏ ထိပ်တန်းအဖွဲ့ဝင်လည်းဖြစ်သည်။ ၁၉၆၈အာဏာသိမ်းယူမှု၌ ဆဒမ်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အီရတ်တွင် ၎င်းပါတီအာဏာရလာခဲ့သည်။
အကြီးအကဲ (အတိုင်ပင်ခံပုဂ္ဂိုလ်) ဆဒမ် ဟူစိန် | |
---|---|
صدام حسين | |
ဆဒမ် ဟူစိန် (၁၉၈၀) | |
အီရတ်နိုင်ငံ၏ ပဉ္စမမြောက် သမ္မတ | |
တာဝန်သက်တမ်း 16 July 1979 – 9 April 2003 | |
ဝန်ကြီးချုပ် | ဆဒမ် ဟူစိန် (1979–1991) Sa'dun Hammadi (1991) Mohammed Hamza Zubeidi (1991–1993) Ahmad Husayn Khudayir as-Samarrai (1993–1994) ဆဒမ် ဟူစိန် (1994–2003) |
ယခင်လူ | အာမက် ဟတ်ဆန် အယ်ဘကာရ် |
ဆက်ခံသူ | Jay Garner (as Director of the Office for Reconstruction and Humanitarian Assistance of Iraq) |
Chairman of the Revolutionary Command Council of Iraq | |
တာဝန်သက်တမ်း 16 July 1979 – 9 April 2003 | |
ယခင်လူ | အာမက် ဟတ်ဆန် အယ်ဘကာရ် |
ဆက်ခံသူ | Office abolished |
အီရတ်နိုင်ငံ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း 29 May 1994 – 9 April 2003 | |
သမ္မတ | ဆဒမ် ဟူစိန် |
ယခင်လူ | Ahmad Husayn Khudayir as-Samarrai |
ဆက်ခံသူ | Mohammad Bahr al-Ulloum as Acting President of the Governing Council of Iraq |
တာဝန်သက်တမ်း 16 July 1979 – 23 March 1991 | |
သမ္မတ | ဆဒမ် ဟူစိန် |
ယခင်လူ | အာမက် ဟတ်ဆန် အယ်ဘကာရ် |
ဆက်ခံသူ | Sa'dun Hammadi |
အာရပ်ဆိုရှယ်လစ် ဘားသ်ပါတီ | |
တာဝန်သက်တမ်း January 1992 – 30 December 2006 | |
ယခင်လူ | Michel Aflaq |
ဆက်ခံသူ | Izzat Ibrahim al-Douri |
Regional Secretary of the Regional Command of the Iraqi Regional Branch | |
တာဝန်သက်တမ်း 16 July 1979 – 30 December 2006 | |
National Secretary | Michel Aflaq (until 1989) ဆဒမ် ဟူစိန် (from 1989) |
ယခင်လူ | အာမက် ဟတ်ဆန် အယ်ဘကာရ် |
ဆက်ခံသူ | Izzat Ibrahim ad-Douri |
တာဝန်သက်တမ်း February 1964 – October 1966 | |
ယခင်လူ | Ahmed Hassan al-Bakr |
ဆက်ခံသူ | Ahmed Hassan al-Bakr |
Member of the Regional Command of the Arab Socialist Ba'ath Party – Iraqi Regional Branch | |
တာဝန်သက်တမ်း February 1964 – 9 April 2003 | |
အီရတ်နိုင်ငံ၏ ဒုတိယ သမ္မတ | |
တာဝန်သက်တမ်း 17 July 1968 – 16 July 1979 | |
သမ္မတ | အာမက် ဟတ်ဆန် အယ်ဘကာရ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Saddam Hussein Abd al-Majid al-Tikriti (1937-04-28)၂၈ ဧပြီ၊ ၁၉၃၇ Al-Awja, Saladin Governorate, Kingdom of Iraq |
ကွယ်လွန် | ၃၀ ဒီဇင်ဘာ၊ ၂၀၀၆(2006-12-30) (အသက် ၆၉) အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ ကာဒီမီးယားအရပ်၊ Camp Justice |
ကွယ်လွန်ရသည့် အကြောင်းရင်း | ကြိုးပေးခံရခြင်း |
နိုင်ငံရေးပါတီ | |
ကြင်ဖော်(များ) |
|
သားသမီး |
|
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | အီရတ်ဘားသ်ဝါဒ |
တပ်/တပ်ဖွဲ့ခွဲ | အီရတ်တပ်မတော် |
ရာထူး | အကြီးအကဲ |
တိုက်ပွဲ/စစ်ပွဲများ | အီရန်-အီရတ်စစ်ပွဲ ပင်လယ်ကွေ့စစ်ပွဲ အီရတ်-ကာ့ဒ် ပဋိပက္ခ အီရတ်စစ်ပွဲ ကူဝိတ်အားကျူးကျော်ခြင်း |
ကျန်းမာရေးချူချာသော ဗိုလ်ချုပ်ကြီး အာမက် ဟတ်ဆန် အယ်ဘကာရ်(Ahmed Hassan al-Bakr) အောက်၌ ဒုတိယသမ္မတအဖြစ်ထမ်းဆောင်သည်။ အုပ်စုအဖွဲ့အများအပြားသည် အစိုးရကို တော်လှန်နိုင်ခြေရှိနိုင်သည်ဟုယူဆ၍ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ရန် လုံခြုံရေးတပ်ဖွဲ့များကို ထူထောင်သည်။ ရေနံထုတ်လုပ်ခြင်းနှင့် နိုင်ငံခြားဘဏ်များ ကို ၁၉၇၀၌ ဆဒမ်က ပြည်သူပိုင်သိမ်းခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှု၊ ပင်လယ်ကွေ့စစ်ပွဲ၊ အီရန်-အီရတ် စစ်ပွဲများကြောင့် နိုင်ငံရေး၊ လူမှုရေးစနစ်ကြီးသည် နောက်ဆုံးတွင် ကြွေးထူခဲ့ရ၏။[9] ရေနံမှရသောငွေကြေးသည် အီရတ်စီးပွားရေးကို လျင်မြန်စွာဦးမော့လာစေရန် ကူညီနိုင်ခဲ့သဖြင့် ၁၉၇၀နှစ်များတစ်လျှောက်တွင် ဆဒမ်သည် အစိုးရစနစ်၌ ၎င်း၏ဩဇာကို ခိုင်မာစွာတည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံ၏ အာဏာရနေရာအများစုကို ဆွတ်နီအာရပ်များဖြင့် ဖြည့်ဆည်းသည်။ ဆွတ်နီအာရပ်များမှာ လူနည်းစုဖြစ်၍ တိုင်းပြည်လူဦးရေ ငါးပုံတစ်ပုံအရေအတွက်ရှိလေသည်။[10]
၁၉၇၉၌ ဆဒမ်မှာ တရားဝင်ရာထူးအာဏာရလာခဲ့သည်။ ထိုမတိုင်မီက ခုနှစ်နှစ်ကြာကြာ တရားဝင်မဟုတ်သော်လည်း အီရတ်၏ အဓိကခေါင်းဆောင်ပင်ဖြစ်၏။ လှုပ်ရှားမှုအချို့ကို နှိပ်ကွပ်သည်။ အထူးသဖြင့် ရှအာလှုပ်ရှားမှုနှင့် ကာ့ဒ်လှုပ်ရှားမှုတို့ဖြစ်သည်။ ထိုလှုပ်ရှားမှုနှစ်ခုမှာ အစိုးရပြုတ်ကျရေးနှင့် လွတ်လပ်မှုရရှိရေးကို အာရုံထား၍[11] အီရန်-အီရတ်စစ်ပွဲနှင့် ပင်လယ်ကွေ့စစ်ပွဲအတွင်း အာဏာထိန်းရန်ကြိုးစားသော လှုပ်ရှားမှုဖြစ်သည်။ တစ်ဖက်တွင်လည်း အာရပ်တချို့က ဆဒမ်၏ အမေရိကန်ဆန့်ကျင်ရေးနှင့် အစ္စရေးအား တိုက်ခိုက်ခြင်းအတွက် ထောပနာပြုကြ၏။[12][13] ၎င်း၏ ရက်စက်ပြင်းထန်သည့် အာဏာရှင်ဆန်မှုကို ရှုတ်ချခြင်းခံရသည်။ နိုင်ငံရေးအရသုတ်သင်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုများစွာ၌ ဆဒမ်အစိုးအဖွဲ့ လုံခြုံရေးများက သတ်ဖြတ်သော အီရတ်ပြည်သူအရေအတွက်ကို နှစ်သိန်းခွဲ့ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။[14] အီရန်နှင့် ကူဝိတ်ကို ဆဒမ်၏ ကျူးကျော်မှုများ၏ စနက်ဖြင့် လူသိန်းချီ၍ သေစေခဲ့သည်။
အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ အီရတ်တွင် ဆဒမ်အားဖယ်ရှားရန် အီရတ်ကို ၂၀၀၃၌ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲတို့က ၎င်းအား အဖျက်အင်အားကြီးလက်နက်များပိုင်ဆိုင်သည်၊ အယ်လ်ကေးဒါးအဖွဲ့နှင့် ချိတ်ဆက်မှုရှိသည် ဟု မှားယွင်းစွာ စွပ်စွဲကြသည်။[15] ၎င်း၏ ဘားသ်ပါတီကို ဖျက်သိမ်း၍ ဒီမိုကရေစီကျကျ တိုင်းပြည်၏ ရွေးကောက်ပွဲများကို ကျင်းပစေနိုင်ခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာ ၁၃၌ ဆဒမ်ကို လက်ဝယ်ဖမ်းမိ၏။ အီရတ်ကြားဖြတ်အစိုးရ၏ ရုံးတင်စစ်ဆေးခြင်းခံရပြီး အီရတ်တရားရုံးက ၎င်းအား လူ့အခွင့်ရေးရာဇဝတ်မှုဖြင့် စွဲချက်တင်ကာ ကြိုးပေးခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာ ၃၀၌ ကွပ်မျက်ခဲ့သည်။[16]