ဆာရာယေဗိုမြို့
From Wikipedia, the free encyclopedia
ဆာရာယေဗိုမြို့ (အင်္ဂလိပ်: Sarajevo၊ /ˌsærəˈjeɪvoʊ/၊ SARR-ə-YAY-voh၊ Bosnian pronunciation: [sǎrajeʋo] ( နားဆင်))သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ (Bosnia and Herzegovina) ၏ အကြီးဆုံးမြို့လည်းဖြစ်၊ မြို့တော်[5]လည်းဖြစ်သည်။ ၎င်း၏ အုပ်ချုပ်ရေးနယ်နမိတ်အတွင်း၌ ၂၀၁၃ သန်းခေါင်စာရင်းအရ လူဦးရေ ၂၇၅,၅၂၄ နေထိုင်သည်။[6] ဆာရာယေဗိုခရိုင်(Canton)၊ အရှေ့ ဆာရာယေဗို နှင့် အနီးအနားရှိ မြူနီစီပယ်အုပ်ချုပ်ရေးဒေသများအပါအဝင် ဆာရာယေဗိုမြို့ပြဧရိယာ (metropolitan area)အတွင်း နေထိုင်သူ ၅၅၅,၂၁၀ နေထိုင်သည်။[7] ဒစ်နယ်ရစ်က် အယ်လ်ပ် ( Dinaric Alps) တောင်တန်းများ ဝန်းရံထားသော မစ်လယက်စကာ (Miljacka) မြစ်ကြောင်းတစ်လျှောက်ရှိ ဆာရာယေဗိုတောင်ကြားဒေသအတွင်း တည်ရှိပြီး ဘော်လကန်ဒေသ၏ အလယ်ပိုင်းတွင် တည်ရှိသည်။
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၂၁ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဆာရာယေဗိုမြို့ (Sarajevo) Сарајево | |||
---|---|---|---|
မြို့တော် | |||
Grad Sarajevo City of Sarajevo | |||
အပေါ်မှအောက်သို့၊ ဘယ်မှညာသို့။ ဆာရာယေဗိုမြို့ မြင်ကွင်းကျယ်၊ Baščaršija ဗလီနောက်ခံနှင့် သစ်သားဖြင့်ပြုလုပ်ထားသော Sebilj အလှရေပန်းကို တွေ့ရပုံ၊ ဆာရာယေဗို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီး၊ ရှေးရိုး ခရစ်ယာန် အသင်းတော်၏ ဘုရားရှိခိုးကျောင်းတော်ကြီး (Orthodox Cathedral)၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံတော်နှင့် တက္ကသိုလ် စာကြည့်တိုက် (Vijećnica)၊ ဆာရာယေဗို ကေဘယ်လ်ကား။ | |||
| |||
နာမည်ပြောင်(များ): "ဥရောပ၏ ဂျေရုဆလင်မြို့",[1] "Jerusalem of the Balkans",[2] "Šeher, Rajvosa"[3] | |||
ဆာရာယေဗို တည်နေရာပြ မြေပုံ | |||
ကိုဩဒိနိတ်: 43°52′N 18°25′E | |||
နိုင်ငံ | ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား | ||
ဖက်ဒရေးရှင်း | ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ဖက်ဒရေးရှင်း | ||
Canton | ဆာရာယေဗို | ||
Municipalities: | ၄ | ||
တည်ထောင်သည့်နှစ် | ၁၄၆၁ (၁၅-ရာစု) | ||
အစိုးရ | |||
• မြို့တောင်ဝန် | Abdulah Skaka (SDA) | ||
ဧရိယာ | |||
• မြို့တော် | ၁၄၁.၅ စတုရန်းကီလိုမီတာ (၅၄.၆ စတုရန်းမိုင်) | ||
• မြို့ပေါ် | ၄၁၉.၁၆ စတုရန်းကီလိုမီတာ (၁၆၁.၈၄ စတုရန်းမိုင်) | ||
• မြို့ပြကြီး | ၃၃၅၀ စတုရန်းကီလိုမီတာ (၁၂၉၀ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၅၅၀ မီတာ (၁၈၀၀ ပေ) | ||
လူဦးရေ (၂၀၁၃ သန်းခေါင်စာရင်း)[4] | |||
• မြို့တော် | ၂၇၅,၅၂၄ | ||
• သိပ်သည်းမှု | ၁၉၀၀/km၂ (၅၀၀၀/sq mi) | ||
• မြို့ပေါ် | ၄၁၉,၉၅၇ | ||
• မြို့ပေါ် သိပ်သည်းမှု | ၁၀၀၀/km၂ (၂၆၀၀/sq mi) | ||
• မြို့ပြကြီး | ၅၅၅,၂၁၀ | ||
• မြို့ပြကြီး သိပ်သည်းမှု | ၁၇၀/km၂ (၄၃၀/sq mi) | ||
• Demonym | Sarajevan (English) Sarajlija (Bosnian) | ||
အချိန်ဇုန် | CET (UTC+1) | ||
• နွေရာသီ (DST) | CEST (UTC+2) | ||
Postal code | BIH-71 000 | ||
ဧရိယာကုဒ်(များ) | +387 33 | ||
ဝက်ဘ်ဆိုဒ် | sarajevo.ba |
ဆာရာယေဗိုသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားဒေသ၏ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဗဟိုချက်ဖြစ်ပြီး၊ ဘော်လကန်ဒေသ၏ ထင်ရှားသော ယဉ်ကျေးမှုဗဟိုတစ်ခု ဖြစ်သည်။ ဖျော်ဖြေရေး၊ ရုပ်သံစာနယ်ဇင်း၊ ဖက်ရှင်နှင့် အနုပညာဧရိယာများတွင် ဒေသတစ်ခုလုံးအပေါ် ဩဇာသက်ရောက်မှုရှိသောနေရာ ဖြစ်သည်။[8][9]
ဘာသာရေးနှင့် ယဉ်ကျေးမှု အရောင်အသွေးစုံထူးခြားမှု (diversity) တို့တွင် ရှည်လျားသော သမိုင်းကြောင်းကြောင့် ဆာရာယေဗိုအား တစ်ခါတစ်ရံ "ဥရောပ၏ ဂျေရုဆလင်"[1] သို့မဟုတ် "ဘော်လကန်ဒေသ၏ ဂျေရုဆလင်"[2] ဟုခေါ်ကြသည်။ ၎င်းသည် ရပ်ကွက်တစ်ခုတည်းတွင် ဗလီ၊ ကက်သလစ် ဘုရားကျောင်း၊ ရှေးရိုး ခရစ်ယာန် ဘုရားကျောင်း (Orthodox church) နှင့် ရဟူဒီဘုရားကျောင်း (synagogue) အားလုံးတို့ကိုတွေ့နိုင်သော ဥရောပ အဓိကမြို့ကြီးအချို့မှ တစ်ခုဖြစ်သည်။[10] ဒေသ၏ပညာရေးဆိုင်ရာ ဗဟိုအချက်အချာမြို့လည်း ဖြစ်သည်။ ယနေ့ ဆာရာယေဗိုတက္ကသိုလ် (University of Sarajevo) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘော်လကန်ဒေသ၏ ပထမဆုံး အစ္စလာမ် အဆင့်မြင့်ပညာရေးတက္ကသိုလ်ကျောင်း တည်ရှိသောမြို့လည်း ဖြစ်သည်။[11]