ဆွီဒင်နိုင်ငံ
From Wikipedia, the free encyclopedia
ဆွီဒင်နိုင်ငံ (တရားဝင်အခေါ်အားဖြင့် ကင်းဒမ်းအော့ဖ် ဆွီဒင်) သည် မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်းကျွန်းဆွယ်တွင်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံသည် နော်ဝေနိုင်ငံ၊ ဖင်လန်နိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ဒိန်းမတ်နိုင်ငံနှင့် အိုရီဆန်ရေလက်ကြားမှတဆင့် တံတားဖြင့် ဆက်သွယ်ထားသည်။
ဆွီဒင် ဘုရင့်နိုင်ငံ Konungariket Sverige (ဆွီဒင်) | |
---|---|
တော်ဝင်သီချင်း: Kungssången Song of the King | |
ဆွီဒင်နိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက်အတွင်း (အစိမ်း နှင့် မီးခိုးရင့်) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | စတော့ဟုမ်းမြို့ 59°21′N 18°4′E |
ရုံးသုံး ဘာသာစကားများ | ဆွီဒင် |
နိုင်ငံတော်လူနည်းစုဘာသာစကားများ | |
လူမျိုးစု (၂၀၁၉) | |
ကိုးကွယ်မှု | ၆၆.၈% ခရစ်ယာန် —၆၀.၃% ဆွီဒင်ဘုရားကျောင်း[မှတ်စု 1] ၃၇.၀% ဘာသာမဲ့ ၅.၀% အစ္စလာမ် ၁.၂% အခြား[8][9] |
Demonym | |
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | ကားလ် ၁၆ ဂူစတပ်ဖ် |
• ရီစတပ်လွှတ်တော်ဥက္ကဋ္ဌ | အန်ဒရီယာ့စ် နိုလန် |
• ဝန်ကြီးချုပ် | စတီဖင် လောဗီယန် |
ဥပဒေပြုလွှတ်တော် | ရီစတပ်လွှတ်တော် |
သမိုင်း | |
• စုစည်းညီညွှတ်သော ဆွီဒင်နိုင်ငံထူထောင်ခဲ့ | ၁၂ ရာစု အစောပိုင်း |
• ကာမာယူနီယံ၏ အစိတ်အပိုင်း | ၁၃၉၇–၁၅၂၃ |
• ဆွီဒင်-နော်ဝေးယူနီယံ၏ အစိတ်အပိုင်း | ၁၈၁၄ ခုနှစ် နိုဝင်ဘာ ၄ – ၁၉၀၅ ခုနှစ် ဩဂုတ်[10] |
၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၄၅၀,၂၉၅ km2 (၁၇၃,၈၆၀ sq mi) (အဆင့်: ၅၅) |
• ရေထု (%) | ၈.၃၇ (၂၀၁၅ ခုနှစ်အရ)[11] |
လူဦးရေ | |
• ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် ခန့်မှန်း | 10,402,070[12] (အဆင့် - ၈၈) |
• သိပ်သည်းမှု | ၂၅/km2 (၆၄.၇/sq mi) (အဆင့် - ၁၉၈) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၅၆၃.၈၈၂ ဘီလီယံ[13] (အဆင့် - ၃၉) |
• Per capita | $၅၂,၄၇၇[13] (အဆင့် - ၁၆) |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၅၂၈.၉၂၉ ဘီလီယံ[13] (အဆင့် - ၂၃) |
• Per capita | $၅၀,၃၃၉[13] (အဆင့် - 12th) |
Gini (၂၀၂၀) | ၂၆.၉[14] နိမ့် |
HDI (၂၀၁၉) | ၀.၉၄၅[15] အလွန်မြင့် · ၇ |
ငွေကြေး | ဆွီဒင် ခရိုနာ (SEK) |
အချိန်ဇုန် | CET (UTC+1) |
• နွေရာသီ (DST) | CEST (UTC+2) |
ရက်စွဲပုံစံ | YYYY-MM-DD |
ယာဉ်ကြောစနစ် | ညာ[e] |
တယ်လီဖုန်းကုဒ် | +၄၆ |
ISO 3166 ကုဒ် | SE |
Internet TLD | .se[f] |
|
၄၅၀,၂၉၅ စတုရန်း ကီလိုမီတာ (၁၇၃,၈၆၀ စတုရန်းမိုင်) ရှိသဖြင့် ဆွီဒင်သည် ဥရောပ သမဂ္ဂ တွင် ဧရိယာအနေဖြင့် တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၉.၄ သန်း ရှိသည်။ ဆွီဒင်တွင် လူဦးရေသိပ်သည်းမှု လျော့နည်းပြီး စတုရန်းကီလိုမီတာ တစ်ကီလိုမီတာတွင် ၂၁ ယောက် ( ၁ စတုရန်းမိုင်လျှင် ၅၄ ယောက်) မျှသာ နေထိုင်သည်။ လူဦးရေသိပ်သည်းမှုသည် နိုင်ငံ၏တောင်ဘက်ခြမ်းတွင် ပို၍ များသည်။ ၈၅ ရာခိုင်နှုန်းသော သူတို့သည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဆွီဒင်၏မြို့တော်ဖြစ်သော စတော့ဟုမ်းမြို့တွင် လူဦးရေ ၁.၃ သန်းမျှ ရှိပြီး ဆွီဒင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။
ဆွီဒင်နိုင်ငံသည် လွတ်လပ်ပြီး စည်းလုံးသောနိုင်ငံအဖြစ် အလယ်ခေတ်ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ၁၇ ရာစု အတွင်းတွင် ဆွီဒစ်ရှ် အင်ပိုင်ယာကို ထူထောင်ရန်အတွက် နိုင်ငံ၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။ အင်ပိုင်ယာသည် ဥရောပတွင် တန်ခိုးကြီးထွားသော အင်ပိုင်ယာတစ်ခု အဖြစ် ၁၇ ရာစု အတွင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ကြီးထွားလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်းတွင် စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်ပြင်ပတွင် သိမ်းပိုက်ထားသော နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ခေတ် ဖင်လန်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ အရှေ့ပိုင်းကို ၁၈၀၉ တွင် ရုရှားတို့ထံသို့ ဆုံးရှုံးခဲ့ရသည်။ ဆွီဒင်အနေနှင့် နောက်ဆုံးပါဝင် ပတ်သက်ခဲ့သော စစ်ပွဲမှာ ၁၈၁၄ ခုနှစ်တွင် ဖြစ်ပြီး ဆွီဒင် အနေနှင့် စစ်အင်အားကို အသုံးပြု၍ နော်ဝေကို ပြည်ထောင်စုအဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်မှစ၍ ဆွီဒင်သည် ငြိမ်းချမ်းသောနိုင်ငံဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးကာလတွင် ဘက်မလိုက် ဝါဒကို ကျင့်သုံးပြီး စစ်ပွဲကာလတွင် မည်သူ့ဘက်မှ မပါဝင်ဘဲ နေခဲ့သည်။ ဆွီဒင်သည် ၁၉၉၅ ဇန်နဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး OECD အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် ဆွီဒင်သည် စည်းမျဉ်းခံဘုရင်စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး အလွန်တိုးတက်သော စီးပွားရေးအခြေအနေ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒီမိုကရေစီကိန်းညွှန်းတွင် စတုတ္တနေရာ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး ကုလသမဂ္ဂ၏ လူထုဖွံ့ဖြိုးမှုကိန်းညွှန်းတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ တွင် ဆွီဒင်သည် ဥရောပသမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှုနှင့် အမြန်ဆုံးစီးပွားရေး တိုးတက်မှု တို့ ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဆွီဒင်အား ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပြိုင်ဆိုင်မှု အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ ဆွီဒင်သည် အချို့သော နယ်ပယ်များတွင် စက်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူအဖြစ် သတ်မှတ်ခြင်း ခံရသည်။
၂၀၂၂ ဆေးပညာနိုဘယ်ဆုရှင် ဆဗန်တီ ပါဘို ၏ဇာတိဖြစ်သည်။