တရုတ်သမ္မတနိုင်ငံ၏ သမ္မတများ စာရင်း
From Wikipedia, the free encyclopedia
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတများ စာရင်း နှင့် မရောထွေးပါနှင့်။
တရုတ်သမ္မတနိုင်ငံ၏ ခေါင်းဆောင်များ စာရင်း နှင့် မရောထွေးပါနှင့်။
ဤသည်မှာ တရုတ်သမ္မတနိုင်ငံ၏ သမ္မတများစာရင်းဖြစ်သည်။
တရုတ်သမ္မတနိုင်ငံသည် ၁၉၄၉ ခုနှစ်မတိုင်မီအထိ တရုတ်ပြည်မကြီးကို ထိန်းချုပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီမှ ပြည်မကြီးကိုသိမ်းယူပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ရာ တရုတ်သမ္မတနိုင်ငံအစိုးရသည် ထိုင်ဝမ်နှင့် အနီးတစ်ဝိုက်ကျွန်းစုများသို့ ဆုတ်ခွာသွားခဲ့ရသည်။ ၁၉၄၉ ခုနှစ်မှစတင်၍ ယခုအခါ ထိုင်ဝမ်ဟု အများသိကြသော တရုတ်သမ္မတနိုင်ငံသည် ထိုင်ဝမ်နှင့် ယင်း၏အနီးနားရှိ ကျွန်းများကိုသာ ထိန်းချုပ်ထားနိုင်သည်။ စစ်အုပ်ချုပ်ရေးသည် ၁၉၈၀ ခုနှစ်များအတွင်း အဆုံးသတ်စေခဲ့ပြီး ၁၉၉၆ တွင် တိုက်ရိုက်ရွေးကောက်ပွဲများ စတင်ခဲ့သည်။
ရာထူး၏တရားဝင်အမည်သည် တရုတ်ဘာသာတွင် အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။
နောက်ထပ် အချက်အလက်များ ကာလ, တရုတ် ...
ကာလ | တရုတ် | မန်ဒရင်း ပင်ရင် |
ဘာသာပြန် |
---|---|---|---|
၁၉၁၂–၁၉၂၈ | 大總統 | Dàzǒngtǒng | သမ္မတကြီး |
၁၉၂၈–၁၉၄၇ | 國民政府主席 | Guómín Zhèngfǔ Zhǔxí | အမျိုးသားရေးအစိုးရ ဥက္ကဋ္ဌ |
၁၉၄၇–ယနေ့ | 總統 | Zǒngtǒng | သမ္မတ |
ပိတ်ရန်