တွင်းယုန်
From Wikipedia, the free encyclopedia
ယုန်ကို သာမန်အားဖြင့်သာ သိသူ များသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန် (၂)မျိုးရှိရာ တစ်မျိုးမှာ ကွင်းယုန် (အင်္ဂလိပ်: Hare) ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် (အင်္ဂလိပ်: Rabbit) ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန် နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လက်ပိုရီဒီး (Leporidae) မျိုးရင်းဝင်များဖြစ်ကြပြီး လက်ဂိုမော်ဖား (Lagomorpha) မျိုးစဉ်အောက်၌ ပါဝင်ကြလေသည်။[1]
တွင်းယုန် (အင်္ဂလိပ်: Rabbit) | |
---|---|
European rabbit (Oryctolagus cuniculus) | |
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Lagomorpha |
မျိုးရင်း: | Leporidae |
ပါဝင်သည့် မျိုးစုများ | |
|
တွင်းယုန်များတွင် သားမွှေးများ ရှိသည့်ပြင် နားရွက်ရှည်များလည်း ရှိသည်။ ကွင်းယုန်လောက် မလျင်မြန်သော်လည်း လျင်မြန်စွာကား ပြေးနိုင်လေသည်။ လူ့အတွက် ကွင်းယုန်နှင့် တွင်းယုန်များက အဝတ်နှင့် အစာကို ဖြည့်တင်းပေးကြသည်။ အိမ်၌ မွေးထားလေ့ရှိသော တွင်းယုန်များသည် လူ၏ ချစ်စနိုး တိရစ္ဆာန်များ ဖြစ်ကြလေသည်။ မြောက်အမေရိကတိုက်တွင် ကွင်းယုန်နှင့် တွင်းယုန်အတော်များများ နေထိုင်ကြလေသည်။ ဘီစီ ၅၅၁ မှ ၄၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ထင်ရှားခဲ့သော ကွန်ဖြူးရှပ်ခေတ်တွင် တွင်းယုန်များကို အယူဝါဒဆိုင်ရာ ပွဲလမ်းများတွင် အသုံးပြုခဲ့ကြသည်။ ရှေးခေတ် သဘာဝပညာရှင်များက တွင်းယုန် အကြောင်းကို ရေးကြရာ၌ ကွင်းယုန်နှင့် တွင်းယုန်ကိုပါ ရောနှော၍ ရေးသားခဲ့ကြသဖြင့် ယခုအခါတွင် အချို့တွင်းယုန်များကို ကွင်းယုန်များဟု ခေါ်နေကြလေသည်။[1]