နာဂိုယာမြို့
From Wikipedia, the free encyclopedia
နာဂိုယာမြို့ (名古屋?)သည် ဂျပန်နိုင်ငံ၊ ချူဘူဒေသကြီး(Chūbu region )တွင် အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ထို့မြို့သည် ဂျပန်နိုင်ငံတွင် တတိယမြောက်အကြီးဆုံးမြို့တစ်မြို့ ဖြစ်ပြီး စတုတ္ထမြောက် လူအနေထိုင်မှုအများဆုံး မြို့ပြဧရိယာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ဟွန်ရှူးကျွန်း၏အလည် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတွင် တည်ရှိသည်။ နာဂိုယာမြို့သည် အိုက်ချီကန်(Aichi-ken)ဒေသ၏ မြို့တော်ဖြစ်ပြီး တိုကျိုမြို့၊ အိုဆာကာမြို့၊ ကိုဘေးမြို့၊ ယိုကိုဟားမားမြို့၊ ချီဘမြို့နှင့် ကီတာကူရှူမြို့များကဲ့သို့ ဂျပန်နိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့တစ်မြို့လည်း ဖြစ်သည်။ ချူကျိုမြို့ပြဧရိယာ(Chūkyō metropolitan area)ဟုခေါ်သည့် ဂျပန်နိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြို့ပြဒေသ၏ ဗဟိုချက်ချာလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်စာရင်းများအရ ၂.၂၈ မီလီယံသော လူများသည် မြို့တွင်းတွင် နေထိုင်ကြပြီး ချူကျိုမြို့ပြဧရိယာ၏ အခြားသော ဒေသတို့တွင် ၉.၁၀ မီလီယံသော လူများနေထိုင်ကြသည်။[3]
နာဂိုယာ 名古屋市 | |||
---|---|---|---|
မြို့ပြ | |||
နာဂိုယာမြို့[1] | |||
ထိပ်ဆုံးဘယ်မှ: နာဂိုယာဆိပ်ကမ်း၊ ဟီဂါရှိယာမာတိရစ္ဆာန်ရုံနှင့် ရုက္ခဗေဒဥယျာဉ်၊ နာဂိုယာမြို့လယ်၊ နာဂိုယာရဲတိုက်၊ နာဂိုယာ တီဗွီတာဝါ | |||
| |||
အိုက်ချီကန်တွင်ရှိသော နာဂိုယာမြို့ တည်နေရာ | |||
ကိုဩဒိနိတ်: 35°11′N 136°54′E | |||
နိုင်ငံ | ဂျပန်နိုင်ငံ | ||
ဒေသ | Chūbu (Tōkai) | ||
ကန် | အိုက်ချီကန် | ||
အစိုးရ | |||
• မြို့ဝန် | တာကာရှိ ကာဝါမူယာ | ||
ဧရိယာ | |||
• မြို့ပြ | ၃၂၆.၄၃ စတုရန်းကီလိုမီတာ (၁၂၆.၀၄ စတုရန်းမိုင်) | ||
လူဦးရေ (၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်) | |||
• မြို့ပြ | ၂,၂၈၃,၂၈၉ (၃rd) | ||
• မြို့ပြကြီး | ၉,၁၀၇,၄၁၄ (၃rd) | ||
အချိန်ဇုန် | ဂျပန်စံတော်ချိန် (UTC+9) | ||
- သစ်ပင် | Camphor laurel (Cinnamomum camphora) | ||
- ပန်း | လီလီပန်း | ||
ဖုန်းနံပါတ် | 052-972-2017 | ||
လိပ်စာ | 3-1-1 Sannomaru, Naka-ku, Nagoya-shi, Aichi-ken 460-0001 | ||
ဝက်ဘ်ဆိုဒ် | city.nagoya.jp | ||
[2] |