ပညာရေး
အသိပညာနှင့်အတတ်ပညာများကိုပို့ချပေးခြင်း / From Wikipedia, the free encyclopedia
ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ဆိုသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၅ ဇန်နဝါရီ ၂၀၁၉) |
တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်း ပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရား သည်လည်း ပညာဟူ၍ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" လည်းရှိရမည်ဖြစ်သည်။