ဗာဆာချေ
အီတလီ ဇိမ်ခံ ဖက်ရှင်အသုံးအဆောင် ကုမ္ပဏီ / From Wikipedia, the free encyclopedia
ဂျန်းနီ ဗာဆာချေ (အင်္ဂလိပ်: Gianni Versace S.r.l.; အီတလီအသံထွက်: [ˈdʒanni verˈsaːtʃe]) သည် Gianni Versace မှ ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သော အီတလီ ဇိမ်ခံပစ္စည်းနှင့် ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗာဆာချေ (အင်္ဂလိပ်: Versace, /vərˈsɑːtʃeɪ/, vər-SAH-chay)[မှတ်စု 1] ဟူသော အမည်ဖြင့် ပို၍ လူသိများသည်။ ၎င်း၏ တောက်ပဆန်းပြားသော အရောင်များ အသုံးပြုထားသည့် ဆေးဆိုးပန်းရိုက်အထည်များကြောင့် လူသိများကျော်ကြားသည်။[6][7][8] ကုမ္ပဏီသည် ၎င်း၏ Atelier Versace အမှတ်တံဆိပ်အောက်တွင် အီတလီလုပ် ရယ်ဒီမိတ် အဝတ်အထည်များ၊ ဖက်ရှင်အသုံးအဆောင်များနှင့် ဝတ်စုံများကို ထုတ်လုပ်ပြီး[9] Luxottica မျက်မှန်ကုမ္ပဏီသို့ ၎င်း၏အမှတ်တံဆိပ်ဖြင့် မျက်မှန် ထုတ်လုပ်ခွင့်လိုင်စင်အား ပေးအပ်ထားသည်။[10] ကုမ္ပဏီ၏ လိုဂိုအမှတ်တံဆိပ်ပုံသည် ဂရိဒဏ္ဍာရီ၏ မက်ဒူဆာ နတ်သမီးအား စိတ်ကူးပုံဖော်ထားခြင်းဖြစ်သည်။[11]
ဘာလင်မြို့ရှိ ဗာဆာချေ စတိုး | |
အမျိုးအစား | ကုမ္ပဏီခွဲ (S.r.l.) |
---|---|
လုပ်ငန်း | ဖက်ရှင် |
တည်ထောင်သည့်နှစ် | ၁၉၇၈; ၄၆ နှစ် အကြာက (၁၉၇၈)၊ Gianni Versace Donna အဖြစ် |
တည်ထောင်သူများ | Gianni Maria Versace |
ဌာနချုပ် | မီလန်မြို့, အီတလီနိုင်ငံ |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | |
အလုပ်သမားဦးရေ | ၁၅၀၀ |
မိခင်ကုမ္ပဏီ | Capri Holdings |
ဝက်ဘ်ဆိုက် | versace.com |