ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ
From Wikipedia, the free encyclopedia
ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ (British Indian Ocean Territory (BIOT) သို့မဟုတ် ချာဂိုးကျွန်းများ) သည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ပင်လယ်ရပ်ခြားနယ်မြေတစ်ခု ဖြစ်သည်။ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေတွင် ချာဂိုးကျွန်းစုရှိ သန္တာကျွန်း ၇ ခုအပါအဝင် ကျွန်းငယ်ပေါင်း တစ်ထောင်ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ စုစုပေါင်းကုန်းမြေဧရိယာမှာ ၆၀ စတုရန်းကီလိုမီတာ (၂၃ စတုရန်းမိုင်) ခန့်ရှိသည်။[3]
အချက်တိုများ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ British Indian Ocean Territory, မြို့တော် ...
ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေ British Indian Ocean Territory | |
---|---|
ဆောင်ပုဒ်: "In tutela nostra Limuria" (လက်တင်) "Limuria is in our charge" | |
နိုင်ငံတော် သီချင်း: God Save the King | |
မြို့တော် | ဒီယေဂိုဂါစီယာ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် |
လူမျိုးစု | ဗြိတိန် / အမေရိကန် ၉၅.၈၈% ၊ အခြား ၄.၁၂% |
အမျိုးအစား | ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေ |
အစိုးရ | |
• သက်ဦးဆံပိုင်ဘုရင် | ချားလ်စ် ဝေလမင်းသား |
• Commissioner | Peter Hayes |
• Administrator | Tom Moody |
ဧရိယာ | |
• စုစုပေါင်း | ၅၄,၄၀၀ စတုရန်းကီလိုမီတာ[1] |
• ရေထု (%) | ၉၉.၈၉ |
လူဦးရေ | |
• ခန့်မှန်း | ၃,၀၀၀[2] |
• သိပ်သည်းမှု | ၅၈.၃/km2 |
ငွေကြေး | US$, UK£ |
အချိန်ဇုန် | +6 |
တယ်လီဖုန်းကုဒ် | +246 |
ပိတ်ရန်
အကြီးဆုံးနှင့် တောင်ဘက်အကျဆုံးကျွန်းမှာ ဒီယေဂိုဂါစီယာ ဖြစ်ကာ ၄၄ စတုရန်းကီလိုမီတာ (၁၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ တွဲဖက် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ထိုကျွန်းမှာ ပုံမှန်ခရီးသွားများ၊ သတင်းသမားများနှင့် ယခင်ကနေထိုင်ခဲ့သူများကို ဝင်ခွင့်ကန့်သတ်ထားသော ကျွန်းဖြစ်သည်။