ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး
From Wikipedia, the free encyclopedia
မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ - ၁၉၉၁) သည် မြန်မာ့တပ်မတော် (ရေ) အရာရှိဟောင်းတစ်ဦးနှင့် စာရေးဆရာ ကဗျာဆရာတစ်ဦး ဖြစ်သည်။ ဗိုလ်မှူးအဆင့်ထိ တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့ကာ စစ်ရေယာဉ် (မေယု) ကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဗိုလ်ဘသော် (ရေတပ်)၊ မောင်သော်က အမည်များဖြင့် ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုများ များစွာ ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင် ထူထောင်ခဲ့စဉ်က ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။[1]