ဘူမိဗလအတုလျတေဇ
From Wikipedia, the free encyclopedia
ဘူမိဗလအတုလျတေဇ (အင်္ဂလိပ်: Bhumibol Adulyadej; ထိုင်း: ภูมิพลอดุลยเดช; အသံထွက် [pʰuː.mí.pʰon ʔa.dun.ja.dèːt] ( နားဆင်); ၅ ဒီဇင်ဘာ ၁၉၂၇ – ၁၃ အောက်တိုဘာ ၂၀၁၆) သည် ထိုင်းနိုင်ငံ၏ စကြီမင်းဆက်၏ နဝမမြောက် ဘုရင်တစ်ပါးဖြစ်ကာ ရာမမင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ၁၉၄၆ ဇွန်လ ၉ ရက်နေ့တွင် နန်းတက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ကမ္ဘာ့နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးဖြစ်ခဲ့ပြီး[1] နန်းသက်မှာ နှစ် ၇၀ နှင့် ၁၂၆ ရက် ဖြစ်သည်။ သူ၏ လက်ထက်တွင် ဝန်ကြီးချုပ် အယောက် ၃၀ တာဝန်ထမ်းဆောင်ခဲ့သည်။[2]
ဖော့ဘ် မဂ္ဂဇင်း မှတွက်ချက်ထားသည့် ဘုရင်ကြီး၏ အလုံးစုံပိုင်ဆိုင်မှုမှာ [3] – ၂၀၁၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ဘီလီယံရှိပြီး ထိုမဂ္ဂဇင်း၏ အချမ်းသာဆုံး တော်ဝင်မျိုးနွယ်များစာရင်းတွင် ၂၀၀၈ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။[4][5][6]
၂၀၀၆ခုနှစ် နောက်ပိုင်းတွင် ကျန်းမာရေး အားနည်းလာပြီး သီရိရာချ်ဆေးရုံတွင် ကြာမြင့်စွာ အချိန်ကုန်ဆုံးခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့တွင် ထိုဆေးရုံတွင်ပင် နတ်ပြည်စံခဲ့သည်။ သူသည် ယေဘုယျအားဖြင့် ထိုင်းပြည်သူများ၏ လေးစားကြည်ညိုခြင်းကို ခံခဲ့ရသည်။[7][8]တစ်နှစ်အကြာ ၂၀၁၇ခုနှစ်တွင် တော်ဝင်အခမ်းအနားဖြင့် မီးသဂြိုဟ်ခဲ့သည်။ သူ့ကို သားဖြစ်သူ ဝချိရာလောင်ကွန်းက ဆက်ခံခဲ့သည်။