မဒါဂတ်စကားနိုင်ငံ
From Wikipedia, the free encyclopedia
မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မဒါဂတ်စကားကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်မြားစွာ ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။
အချက်တိုများ မဒါဂတ်စကား သမ္မတနိုင်ငံ, မြို့တော် နှင့် အကြီးဆုံးမြို့ ...
မဒါဂတ်စကား သမ္မတနိုင်ငံ
| |
---|---|
နိုင်ငံတော် သီချင်း: Ry Tanindrazanay malala ô! ချစ်စရာကောင်းတဲ့ တို့ဘိုးဘွားမြေ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | အန်တာနာနာရီဗိုမြို့ 18°55′S 47°31′E |
ရုံးသုံး ဘာသာစကားများ | |
လူမျိုးစု (၂၀၀၄[2]) | |
ကိုးကွယ်မှု |
|
Demonym | Malagasy[3][4] |
အစိုးရ | ပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ် |
• သမ္မတ | Andry Rajoelina |
• ဝန်ကြီးချုပ် | Christian Ntsay |
• ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ | Rivo Rakotovao |
• အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ | Christine Razanamahasoa[5] |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ်လွှတ်တော် | |
အမျိုးသားလွှတ်တော် | |
တည်ထောင်ခြင်း | |
၁၅၄၀ | |
၁၈၉၆ ခုနှစ် ဩဂုတ်လ ၆ ရက် | |
• သမ္မတနိုင်ငံကြေညာခဲ့ | ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက် |
• ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း | ၁၉၆၀ ခုနှစ် ဇွန်လ ၂၆ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၅၈၇,၀၄၁ km2 (၂၂၆,၆၅၈ sq mi) (အဆင့်: ၄၆) |
• ရေထု | ၅,၅၀၁ km2 (၂,၁၂၄ sq mi) |
• ရေထု (%) | ၀.၉% |
လူဦးရေ | |
• ၂၀၂၁ ခန့်မှန်း | ၂၈,၄၂၇,၃၂၈[8] (အဆင့် - ၅၂) |
• သိပ်သည်းမှု | ၃၅.၂/km2 (၉၁.၂/sq mi) (အဆင့် - ၁၇၄) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၄၅.၉၄၈ ဘီလီယံ[9] |
• Per capita | $၁,၆၉၇[9] |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁၂.၇၃၄ ဘီလီယံ[9] |
• Per capita | $၄၇၁[9] |
Gini (၂၀၁၂) | ၄၂.၆[10] အလယ် |
HDI (၂၀၁၉) | ၀.၅၂၈[11] နိမ့် · ၁၆၄ |
ငွေကြေး | အာရီယာရီ (MGA) |
အချိန်ဇုန် | EAT (UTC+3) |
• နွေရာသီ (DST) | not observed[12] (UTC+3) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၂၆၁[12] |
Internet TLD | .mg |
ပိတ်ရန်
မဒါဂတ်စကားသည် ဇီဝမျိုးကွဲတို့နှင့် ပတ်သက်၍ အရေးပါသော နေရာတစ်နေရာဖြစ်ပြီး ၎င်းတွင် တွေ့ရသော အပင်နှင့် တိရစ္ဆာန် အမျိုးအစား ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာပေါ်ရှိ တခြားနေရာများတွင် မည်သည့်နေရာတွင်မှ မတွေ့ရပေ။