မိုနိုထရင်းမ်
နို့တိုက်သတ္တဝါ မျိုးစဉ် / From Wikipedia, the free encyclopedia
မိုနိုထရင်းမ် (Monotremes) သည် နို့တိုက်သတ္တဝါများထဲမှ ဒွါရတစ်ပေါက်သာပါသော မျိုးရိုးတူ တိရစ္ဆာန်များအား စုဖွဲ့ထားသော မျိုးစဉ်အဆင့်ရှိအုပ်စုဖြစ်ပြီး ၎င်းမျိုးစဉ်အား ပါဏဗေဒအလိုအရ မိုနိုထရီမေတ္တာ ဟုခေါ်လေသည်။ မိုနိုထရင်းမ်အုပ်စုသည် နို့တိုက်သတ္တဝါအုပ်စုများထဲတွင် ဥ ဥသည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါအုပ်စုလည်း ဖြစ်လေသည်။ ထိုသို့ ဥ ဥ၍ သားပေါက်လေးများပေါက်ဖွားကြသော်လည်း အကောင်ပေါက်လေးများကို နို့ချိုတိုက်ကျွေးနိုင်သည့် နို့ ဂလင်းများလည်း ပါရှိကြ၏။
မိုနိုထရင်းမ် (Monotremes[1]) Temporal range: Early Cretaceous–Recent | |
---|---|
ရှင်သန်ဆဲ မိုနိုထရင်းမ် မျိုးစိတ် ငါးမျိုးမှ လေးမျိုး: ဘဲတူဖျံတူကောင် (ဝဲအပေါ်), short-beaked echidna (ယာအပေါ်), western long-beaked echidna (ဝဲအောက်), eastern long-beaked echidna (ယာအောက်) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
Infraclass: | Australosphenida |
မျိုးစဉ်: | Monotremata C.L. Bonaparte, 1837[2] |
အုပ်စုခွဲများ | |
'မိုနိုထရင်းမ် (monotreme)' ဟူသော စကားလုံးသည် ၎င်းတို့၏ ဘုံဒွါရပေါက်ကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ ကုန်းနေရေနေ သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနှင့် ဖြစ်နိုင်ခြေရှိသော အစောပိုင်းကာလများမှ ခြေလေးချောင်း သတ္တဝါများအားလုံးတွင် ဆီး၊ မစင်စွန့်ခြင်းနှင့် မျိုးပွားခြင်းတို့အတွက် ဘုံ ဒွါရ တစ်ပေါက်သာ ပါရှိကြသည်။