မောရစ်ရှ စံတော်ချိန်
From Wikipedia, the free encyclopedia
မောရစ်ရှ စံတော်ချိန်(အင်္ဂလိပ်: Mauritius Time)သည် အိန္ဒိယသမုဒ္ဒရာတွင်ရှိသော ကျွန်းနိုင်ငံဖြစ်သည့် မောရစ်ရှနိုင်ငံတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ Coordinated Universal Time ထက် လေးနာရီရှေ့ရောက်သောအချိန်(UTC+04:00) အချိန်ကို အသုံးပြုသည်။
ကိတ်ဗာဒီ စံတော်ချိန် | |
ဂရင်းနစ်စံတော်ချိန် | |
| |
အရှေ့အာဖရိကဒေသ စံတော်ချိန် | |
မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို ၂၀၀၈ ခုနှစ်တွင် အသုံးပြုခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် နာရီများကို ရှေ့သို့ UTC+05:00 တွင် ထားခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ 3AM တွင် စံတော်ချိန်သို့ ပြန်လည်ပြောင်းခဲ့သည်။[1] ထိုအချိန်ကို ဆက်လက်အသုံးပြုခြင်း မရှိခဲ့ပေ။