ယူရေးရှားရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး / From Wikipedia, the free encyclopedia
ဤစာရင်းတွင် ယူရေးရှားရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများပါဝင်ပြီး အထူးနိုင်ငံရေးအခြေအနေဖြင့် အချို့နယ်မြေဒေသတို့ ပါဝင်ကြသည်။
ယူရေးရှားသည် အစဉ်အလာအရ တိုက်ကြီးများဖြစ်သော ဥရောပတိုက်နှင့် အာရှတိုက်တို့အား ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသော တိုက်ဖြစ်သည်။ ယူရေးရှားသည် အာဖရိကတိုက်နှင့် ဆူးအက်ကျွန်းဆက်တွင် ပိုင်းခြားထားသည်။ မော်လတာနိုင်ငံကဲ့သို့သော အချို့သောနိုင်ငံများသည် အစဉ်အလာအရသာ ယူရေးရှား၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းလည်း အာဖရိကကျောက်လွှာပေါ်တွင် တည်ရှိသည်။ ယူရေးရှားသည် ဩစတြေးလေးရှား(အိုရှန်းနီးယား)ဖြင့် မလေးကျွန်းစု၏ တနေနေရာတွင် ပိုင်းခြားထားပြီး အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့အား ၎င်းတွင် အများအားဖြင့် မှတ်ယူသည်။
အချို့သော ဒေသများသည် ယူရေးရှားရှိ နိုင်ငံများ၏ အစိတ်အပိုင်းများဖြစ်စေ သို့မဟုတ် ၎င်းတို့အပေါ်မှီခို၍ ဖြစ်စေ ဆက်နွယ်နေသော်လည်း ကုန်းမြေထုအနေဖြင့် ဆက်နွယ်၍နေခြင်း မရှိပေ။ ဥပမာအားဖြင့် ဒိန်းမတ်နယ်မြေဖြစ်သော ဂရင်းလန်ကျွန်း၊ ပြင်သစ် ပင်လယ်ရပ်ခြားဒေသများ၊ ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများနှင့် စပိန်မြို့များဖြစ်သည့် စီယုတာမြို့နှင့် မယ်လီလာမြို့တို့ ဖြစ်သည်။