ရိန်းဘိုးတံတား (တိုကျို)
From Wikipedia, the free encyclopedia
ရိန်းဘိုးတံတား (レインボーブリッジ, Reinbō Buridji) သည် တိုကျိုပင်လယ်အော်ကို ဖြတ်သန်းဖော်လုပ်ထားသည့် ကြိုးဆိုင်းတံတားတစ်ခု ဖြစ်သည်။ ရှိဘအုရဆိပ်ခံတံတားနှင့် အိုဒိုင်းဘကမ်းနားလမ်းကြားကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။ တိုကျိုမြို့၊ မိနတိုတွင် တည်ရှိသည်။
ရိန်းဘိုးတံတား レインボーブリッジ | |
---|---|
ကိုဩဒိနိတ် | 35°38′11″N 139°45′49″E |
သယ်ဆောင်မှု |
|
ဖြတ်သန်းမှု | Tokyo Bay |
တည်နေရာ | Minato, Tokyo, Japan |
အချက်အလက်များ | |
စုစုပေါင်းအရှည် | 798 m |
အကျယ် | 49 m |
အမြင့် | 126 m (towers), 52 m (roadway) |
အကျယ်ဆုံး တံတားအခန်း | 570 m |
တံတားအခန်းရေ | 3 |
သမိုင်းကြောင်း | |
လုပ်ငန်းပြီးဆုံးချိန် | 1993 |
ဖွင့်လှစ်သည့်နေ့ | August 26, 1993 |
ဂျပန်ဘာသာစကားဖြင့် ဤတံတား၏ တရားဝင်အမည်မှာ တိုးခယောခိုးရင်းရခုခယော (Tōkyō Kō Renrakukyō, 東京港連絡橋) ဖြစ်သည်။
တံတားကို ခဝဆခိ Heavy Industires မှ ဆောက်လုပ်ခဲ့သည်။[1][2] ဆောက်လုပ်မှုများကို ၁၉၈၇ တွင် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။[3] တံတား၏ အရှည်မှာ ၇၉၈ မီတာ (၂၆၁၈ ပေ) ရှိပြီး အကျယ်မှာ ၅၈၀ မီတာ (၁၉၀၃ ပေ) ရှိသည်။[4] တရားဝင်ခေါ်ဆိုခဲ့သည့်အမည်မှာ "Shuto Expressway No. 11 Daiba Route - Port of Tokyo Connector Bridge," ဖြစ်ပြီး "ရိန်းဘိုးတံတား" ဟူသည့်အမည်မှာ ပြည်သူများက ခေါ်ဆိုသည့် အမည်ဖြစ်သည်။[5]
တံတားကို ထောက်ခံပေးထားသည့် မျှော်စင်တိုင်များသည် အဖြူရောင် ဖြစ်ကြသည်။ အိုဒိုင်းဘမှ မြင်တွေ့ရသည့် တိုကျိုမြို့လယ်မြင်ကွင်းနှင့် လိုက်ဖက်ညီစေ အဖြူရောင်ပြုလုပ်ထားခြင်း ဖြစ်သည်။ တံတားတွင် ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားသည့် မီးလုံးများ တပ်ဆင်ထားရှိပြီး ၎င်းမီးလုံးများသည် ညစဉ်ညတိုင်း အနီ၊ အဖြူနှင့် အစိမ်းရောင်များအဖြစ်သို့ ပြောင်းလဲလျက်ရှိသည်။ အသုံးပြုသည့် လျှပ်စစ်စွမ်းအင်ကိုမူ နေ့အချိန်ရရှိသည့် ဆိုလာစွမ်းအင်ကို အသုံးပြုထားခြင်း ဖြစ်သည်။
တံတားသို့ ခြေလျင်ဖြင့် တမချိဘူတာ (JR East) သို့မဟုတ် ရှိဘအုရ-ဖုတိုးဘူတာ (ယုရိခမိုမဲ) မှတဆင့် သွားရောက်နိုင်သည်။