ရုရှားအုပ်ချုပ်သူမင်းများစာရင်း
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး / From Wikipedia, the free encyclopedia
ဤစာရင်းမှာ ရုရှားနိုင်ငံ၏ သမိုင်းတွင် အုပ်ချုပ်သူမင်းများ၏ စာရင်းဖြစ်သည်။ ဤစာရင်းထဲတွင် နော့ဗ်ဂရက်မင်းသား၊ ကီးယက်မင်းသားကြီး၊ ဗလာဒီမီယာမင်းသားကြီး၊ မော်စကိုမင်းသားကြီး၊ ရုရှားလူမျိုးအားလုံး၏ ဇာဘုရင်မင်းမြတ်နှင့် ရုရှားအင်ပါယာပြည့်ရှင်အစရှိသော ဘွဲ့ခံဘုရင်များ ပါဝင်သည်။ ဤမင်းများစာရင်းကို နော့ဂရက်မင်းသားဖြစ်သော ရုရစ်ခ် အုပ်ချုပ်ခဲ့သော ကာလဖြစ်သော ၉ ရာစုအလယ်(၈၆၂)မှစ၍ နောက်ဆုံးအင်ပါယာပြည့်ရှင် ဒုတိယမြောက် နီကိုလပ်စ် အာဏာစွန့်လွှတ်ခဲ့သည့် ၁၉၁၇ ခုနှစ်နှင့် သူ၏မိသားစု သေနတ်ဖြင့် ပစ်သက်ခံရခြင်း ဖြစ်ပွားခဲ့သည့် ၁၉၁၈ ခုနှစ်တွင် အဆုံးသတ်သည်။
ယနေ့ခေတ်တွင် ရုရှားနိုင်ငံဟု သိထားကြသော ကြီးမားသောနယ်မြေကြီးသည် သမိုင်းတလျှောက်တွင် နာမည်အမျိုးမျိုးရှိခဲ့ရာ ထိုအထဲတွင် ရုစ်'၊ ကီးယဲ့ဗန် ရုစ်'၊[1][2] မော်စကိုမင်းသားနယ်မြေကြီး၊ ဇာဘုရင်၏ မူစကော့ဗီးနယ်၊ ရုရှားအင်ပါယာနှင့် အုပ်ချုပ်သူ၏ ရှည်လျားသော ဘွဲ့အမည်အတိုင်း ရှိကြသော အချုပ်အခြာအာဏာပိုင်နိုင်ငံများ ပါဝင်သည်။ အစောပိုင်းဘွဲ့အမည်များတွင် ကညက်ဇ် နှင့် ဗျယ်လီကီး ကညက်ဇ် စသော ဘွဲ့အမည်များပါဝင်ပြီး "မင်းသား" နှင့် "ကြီးမြတ်သော မင်းသား" ဟု အသီးသီး အဓိပ္ပာယ်ရရှိကြပြီး "မြို့စား" နှင့် "မြို့စားကြီး" ဟု အနောက်ပိုင်းစာပေများတွင် အသုံးပြကြသည်။ ထိုနောက်ပိုင်းတွင် ဇာဘုရင် ဟုသော ဘွဲ့အမည်ကို အသုံးပြုခဲ့ပြီး အဓိပ္ပာယ်မှာ "ဆီဇာ"ဟူ၍ဖြစ်ကာ ထိုဘွဲ့သည် ဘုရင်မင်းမြတ် (သို့) အင်ပါယာပြည့်ရှင် ဟူသော အဓိပ္ပာယ်နှင့် ထပ်တူညီရန်မှာ အငြင်းပွားဖွယ်ဖြစ်နေသည်။ နောက်ဆုံးအကြီးမြတ်ဆုံးဘွဲ့အမည်မှာ အင်ပါယာပြည့်ရှင်ဖြစ်သည်။