သစ်ခွ
From Wikipedia, the free encyclopedia
သစ်ခွ (Orchidaceae) သည်ပန်းပွင့်သောအပင် မိသားစုများထဲတွင်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မိသားစုဖြစ်ပြီး မျိုးကွဲ (genera) ပေါင်း ၈၀၀ ကျော်နှင့် မျိုးစိတ် (species) ပေါင်း ၁၅,၀၀၀ ကျော်ရှိသည်။ အချို့က မျိုးစိတ်ပေါင်း ၃၀,၀၀၀ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော်ပညာရှင်အသိုင်းအဝိုင်းတွင်မျိုးခွဲစန်းဆစ်ခြင်း (classification) အလွန်ပင်ကွဲပြားခြားနားလှသဖြင့် အရေအတွက်အတိအကျကို မသိရှိနိုင်ပါ။ မျိုးကွဲများကို ပြန်လည်သုံးသပ်ခြင်းမှာ လစဉ်လိုလို လုပ်ဆောင်လေ့ရှိပြီး ဂျင်နစ်တစ်သုတေသနနှင့်ဇီဝဓာတုဗေဒတို့ကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ၎င်းမှာ ပိုမိုများပြားလာသည်။
- ကျားဂမုန်း (Paphiopedilum bellatulum)
- ကျေးနှုတ် (Aerides odoratum)
- ဂမုန်းအင်း
- ဂေါ်သဇင်
- ဆီမီးတောက် (Haemaria constricta)
- ဇလဲထော်
- ဖယောင်းပန်း (Dendrobium callipes)
- ဘီလူးဂမုန်း (Paphiopedilum parishii)
- ရွှေတူ
- သဇင် (Bulbophyllum auricomum)
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အမျိုးအစား မျိုးစု ...
သစ်ခွ | |
---|---|
Colour plate from Ernst Haeckel's Kunstformen der Natur, 1906 | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
မျိုးစဉ်: | Asparagales |
မျိုးရင်း: | Orchidaceae Juss.[1] |
အမျိုးအစား မျိုးစု | |
Orchis Tourn. ex L. | |
မျိုးရင်းခွဲများ | |
| |
Distribution range of family Orchidaceae |
ပိတ်ရန်