ဟတ်ယိုင်မြို့
From Wikipedia, the free encyclopedia
ဟတ်ယိုင်မြို့ (Hat Yai) (ထိုင်း: หาดใหญ่, အသံထွက် [hàːt jàj], သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မလေးရှားနယ်စပ်မှ မြို့ဖြစ်သည်။ 7°1′N 100°28′Eတွင် တည်ရှိပြီး ဘန်ကောက်မြို့၏တောင်ဘက် ၉၄၆ km (၅၈၈ mi) အကွာတွင်ရှိသည်။၂၀၁၂ခုနှစ်တွင် မြူနီစီပယ် ဧရိယာအတွင်း၌ လူဦးရေ ၁၅၈၂၁၈ရှိသည်။ မက်ထရိုပိုလစ်တန်ဒေသ၌ လူဦးရေ ၃၈၅၉၂၇ ရှိကာ ဆုန်ခလာပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည်။ နိုင်ငံတောင်ပိုင်း၏ အကြီးဆုံး မက်ထရိုပိုလစ်တန်ဖြစ်ကာ တစ်နိုင်ငံလုံး တတိယမြောက်အကြီးဆုံး မက်ထရိုပိုလစ်တန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆုန်ခလာပြည်နယ်၏ မြို့တော်အဖြစ် အထင်မှားတတ်ကြသည်။ အမှန်တွင် ဆုန်ခလာပြည်နယ်၏ မြို့တော်မှာ ဆုန်ခလာမြို့သာဖြစ်ပြီး ဟတ်ယိုင်မြို့မှာ စီးပွားရေးမြို့သာဖြစ်သည်။
အချက်တိုများ ဟတ်ယိုင်မြို့Hat Yai หาดใหญ่, နိုင်ငံ ...
ဟတ်ယိုင်မြို့ Hat Yai หาดใหญ่ | ||
---|---|---|
မြူနီစီပယ်မြို့ | ||
| ||
ထိုင်းနိုင်ငံအတွင်းရှိမြေပုံ | ||
ကိုဩဒိနိတ်: 7°1′N 100°28′E | ||
နိုင်ငံ | ထိုင်း | |
ပြည်နယ် | ဆုန်ခလာ | |
ခရိုင် | ဟတ်ယိုင် | |
အစိုးရ | ||
• အမျိုးအစား | မြူနီစီပယ် | |
• မြို့တော်ဝန် | Prai Pattano | |
ဧရိယာ | ||
• မြူနီစီပယ်မြို့ | ၂၁.၀၀ စတုရန်းကီလိုမီတာ (၈.၂၀ စတုရန်းမိုင်) | |
• ကုန်းမြေ | ၂၀.၅၀ စတုရန်းကီလိုမီတာ (၈.၀၀ စတုရန်းမိုင်) | |
• ရေထု | ၀.၅၀ စတုရန်းကီလိုမီတာ (၀.၂၀ စတုရန်းမိုင်) 2.38% | |
• မြို့ပြကြီး | ၈၅၂.၇၉ စတုရန်းကီလိုမီတာ (၃၂၉.၂၆ စတုရန်းမိုင်) | |
လူဦးရေ (2012) | ||
• မြူနီစီပယ်မြို့ | ၁၅၈,၂၁၈ | |
• သိပ်သည်းမှု | ၁၂,၆၇၆.၀၅/km၂ (၃၅,၂၉၇.၅၅/sq mi) | |
• မြို့ပြကြီး | ၃၈၅,၉၂၇ | |
Registered residents only | ||
အချိန်ဇုန် | ICT (UTC+7) | |
စာပို့ကုတ် | 90110 | |
ဧရိယာကုတ် | (+66) 74 | |
ဝက်ဘ်ဆိုဒ် | hatyaicity.go.th |
ပိတ်ရန်