အမေရိကန်ပြည်ထောင်စုနှင့် အစိုးရကအားပေးအားမြှောက်ပြုသော အကြမ်းဖက်မှု
From Wikipedia, the free encyclopedia
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတဝှမ်းရှိ အကြမ်းဖက်သမားများနှင့် အရန်တပ်ဖွဲ့များအား မဝေးလှသော သမိုင်းကြောင်းတလျောက် မကြာခဏပင် အထောက်အပံ့များပြုခဲ့သည်။ အစိုးရကအားပေးအားမြှောက်ပြုသော အကြမ်းဖက်မှုကို ဖိနှိပ်ရေးနည်းလမ်းအဖြစ် အသုံးပြုခဲ့သော အာဏာရှင်အစိုးရများစွာအတွက်လည်း အထောက်အပံ့များ ပေးခဲ့သည်။[1][2]
အစိုးရကအားပေးအားမြှောက်ပြုခြင်းမဟုတ်သော အကြမ်းဖက်မှုများအား အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့မှုမှာ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိကတို့တွင် ထင်ရှားသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၈၁ မှ ၁၉၉၁ တိုင်အောင် စစ်လက်နက်များ၊ သင်တန်းများ၊ ဘဏ္ဍာရေးနှင့်ထောက်ပို့ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးမှုများ ကို နီကရားဂွါ အစိုးရအား ဖက်ပြိုင်တိုက်ခိုက်ရာတွင် အကြမ်းဖက်ဗျူဟာများသုံးသည့် ကွန်ထရာသူပုန်များထံ ပေးခဲ့သည်။[3] Orlando Bosch နှင့် Luis Posada Carriles ကဲ့သို့ ကျူးဘန်းပြည်ပြေးများအကြားမှ အကြမ်းဖက်သမားများထံ သင်တန်းများ လက်နက်များ နှင့် ရန်ပုံငွေများကို အမေရိကန်ပြည်ထောင်စုက အကြိမ်ကြိမ်ပံ့ပိုးပေးခဲ့သည်။
ယင်းကဲ့သို့ပံ့ပိုးမှုများအား ရှင်းချက်ထုတ်ရန်အတွက် အကြောင်းပြချက်အမျိုးမျိုးပေးခဲ့သည်။ စစ်အေးကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုထံ ဘက်လိုက်နိုင်ဖွယ်ရှိသည့် နိုင်ငံရေးလှုပ်ရှားမှုများ - ရေပန်းစားသော ဒီမိုကရက်တစ် နှင့် ဆိုရှယ်လစ်လှုပ်ရှားမှုများပါမချန် - ပျက်ပြားစေရန် ဟူ၍ ဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ပွဲ၏ အစိတ်အပိုင်း တရပ်အနေဖြင့်လည်း ယင်းကဲ့သို့ ထောက်ပံ့မှုများကို စုစည်းသည်။ အမေရိကန်ကော်ပိုရေးရှင်းကြီးများ၏ နိုင်ငံရပ်ခြား အကျိုးစီးပွားများအတွက် - အထူးသဖြင့် ယင်းကဲ့သို့အကျိုးစီးပွားများမှာ ဒီမိုကရက်တစ်အစိုးရများ၏ ခြိမ်းခြောက်မှုအောက် ရောက်သည့်အခါမျိုးတွင် - အမြတ်ထွက်မည့်ပတ်ဝန်းကျင်တခုဖြစ်စေရေးအတွက်လည်း အထောက်အပံ့ကို လမ်းခင်းပေးသည်။[4][5]