အရှေ့အာဖရိကဒေသ စံတော်ချိန်
From Wikipedia, the free encyclopedia
အရှေ့အာဖရိကဒေသ စံတော်ချိန်(အင်္ဂလိပ်: East Africa Time)(EAT) သည် အရှေ့အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ ထိုအချိန်သည် Coordinated Universal Timeထက် သုံးနာရီရှေ့ရောက်သောအချိန်(UTC+03:00)ကို အသုံးပြုပြီး မော်စကိုဒေသ စံတော်ချိန်၊ အာရေဗျဒေသ စံတော်ချိန်၊ ဥရောပအရှေ့ဖျားဒေသ စံတော်ချိန်နှင့် အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန်တို့နှင့် တူညီသည်။[1]
ကိတ်ဗာဒီ စံတော်ချိန် | |
ဂရင်းနစ်စံတော်ချိန် | |
| |
အရှေ့အာဖရိကဒေသ စံတော်ချိန် | |
မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
အီကွေတာဒေသတွင် အဓိကအသုံးပြုသော အချိန်ဇုန်များကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်များသာ ပြောင်းလဲမှုရှိသောကြောင့် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပါ။[1]
အရှေ့ဥရောပဒေသစံတော်ချိန်ကို အောက်ဖော်ပြပါဒေသများတွင် အသုံးပြုသည်။
- ကိုမိုရို
- ဂျီဘူတီ
- အီရီထရီးယား
- အီသီယိုးပီးယား
- ကင်ညာ
- မဒါဂတ်စကား
- ဆိုမာလီယာ
- ဆိုမာလီလန်း (အငြင်းပွားဖွယ်နယ်မြေ)
- တန်ဇေးနီးယား
- ယူဂန်းဒါး