အာဆီယံထိပ်သီးအစည်းအဝေး
From Wikipedia, the free encyclopedia
အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြားသော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။