အီမိုဂျီ
From Wikipedia, the free encyclopedia
အီမိုဂျီ (အင်္ဂလိပ်: Emoji[1]) ဆိုသည်မှာ ယနေ့ကာလတွင် ကမ္ဘာတဝှမ်းမှ အင်တာနက်အသုံးပြုသူများ၊ မိုဘိုင်းဖုန်းအသုံးပြုနေသူများ နေ့စဉ်အသုံးပြုနေသည့် ဒီဂျစ်တယ် အရုပ်စာလေးများကို ခေါ်ဆိုခြင်းဖြစ်သည်။ မျက်ရည်ထွက်လောက်အောင်ရယ်နေသည့် မျက်နှာပုံလေးအပါအဝင် တစ်စုံတစ်ဦး၏ စိတ်ခံစားမှုများကို ကိုယ်စားပြုဖော်ပြပေးရသည့် ဒီဂျစ်တယ်ရုပ်ပုံလေးများကို သတိထားမိပါလိမ့်မည်။ ထိုစိတ်ခံစားမှုဖော်ဆောင်သည့် အရုပ်လေးများကို အီမိုဂျီ ဟုခေါ်ဆိုသည်။
ဤဆောင်းပါးတွင် အထူးသီးသန့် အက္ခရာများ ပါဝင်သည်။ သင့်တော်သော ပုံဖော်တင်ဆက်သည့် ထောက်ကူစနစ် မရှိပါက သင်သည် မေးခွန်းသင်္ကေတ၊ လေးထောင့်ကွက် (သို့) အခြားသင်္ကေတများကို တွေ့မြင်နေနိုင်သည်။