၂၀၁၁ လစ်ဗျား စစ်ရေးစွက်ဖက်မှု
From Wikipedia, the free encyclopedia
၂၀၁၁ လစ်ဗျား စစ်ရေးစွက်ဖက်မှုသည် ၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့သည့် အမှတ် ၁၉၇၃ ဆုံးဖြတ်ချက်အရ လစ်ဗျားနိုင်ငံ ဝေဟင်ပိုင်နက်တွင် ‘မပျံသန်းရဇုန်’ သက်ရောက်စေရန် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်းနှင့် ပြင်သစ်နိုင်ငံတို့ ဦးဆောင်သော မဟာမိတ်တပ်မှ ၂၀၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့၌ လစ်ဗျားနိုင်ငံအား စစ်ရေးတိုက်ခိုက်မှုဖြစ်သည်။[1] ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ လစ်ဗျားနိုင်ငံတွင် ကဒါဖီ ဆန့်ကျင်ရေး လူထုဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ကဒါဖီက စစ်အင်အားသုံး နှိမ်နှင်းခဲ့ရာ ဆန္ဒပြမှုမှ စစ်ပွဲအသွင် ပြောင်းလဲလာသည်။ လစ်ဗျားအစိုးရက အတိုက်အခံတပ်များအား လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခြင်းမပြုနိုင်ရန် အာရပ်အဖွဲ့ချုပ်မှ လစ်ဗျားနိုင်ငံ၌ ‘မပျံသန်းရဇုန်’ သတ်မှတ်ပေးရန် မတ်လ ၁၂ ရက်နေ့တွင် လုံခြုံရေးကောင်စီထံ အဆိုပြုခဲ့ခြင်းဖြစ်သည်။
Military intervention in Libya | |||||||
---|---|---|---|---|---|---|---|
၂၀၁၁ လစ်ဗျား ဆန္ဒပြမှု၏ တစ်စိတ်တစ်ပိုင်း | |||||||
Mapped conflicts | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
အဆင့် ၁ - SEAD အဆင့် ၂ - CAP |
| ||||||
အသေအပျောက် | |||||||
None |