နက္ခတ္တဗေဒ
ကောင်းကင်ရှိ အရာဝတ္ထုများနှင့်ဖြစ်စဉ်များကို သိပ္ပံနည်းကျလေ့လာခြင်း / From Wikipedia, the free encyclopedia
နက္ခတ္တဗေဒ (အင်္ဂလိပ်: astronomy) သည် ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများနှင့် အာကာသအတွင်းရှိ အခြားအရာဝတ္ထုများကို လေ့လာသော ပညာရပ်ဖြစ်သည်။ နက္ခတ္တဗေဒသည် ရှေးအကျဆုံးသော သိပ္ပံပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းမတင်ခင်အချိန်ကပင် စတင်ခဲ့ကြသည်။