ခါကာဘိုရာဇီ
မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင် / From Wikipedia, the free encyclopedia
ခါကာဘိုရာဇီတောင် (ဟန်ဂျာ: 卡加伯拉吉山)သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း၊ နယ်စပ်တွင် တည်ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။
အချက်တိုများ ခါကာဘိုရာဇီ, အမြင့်ဆုံးအမှတ် ...
ခါကာဘိုရာဇီ | |
---|---|
Hkakabo Razi | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၅,၈၈၁ m (၁၉,၂၉၅ ft)[1] |
ပေါ်လွင်မှု | ၉၀၄ m (၂,၉၆၆ ft) |
စာရင်းသွင်းခြင်း | နိုင်ငံ၏ အမြင့်ဆုံးတောင် |
ကိုဩဒိနိတ် | 28°19′42″N 97°32′08″E |
ပထဝီဝင် | |
တည်နေရာ | ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ Xizang၊ တရုတ်နိုင်ငံ အရူနာချာပြည်နယ်၊ အိန္ဒိယနိုင်ငံ |
ပင်မတောင်တန်း | ဟိမဝန္တာ တောင်တန်း |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | ၁၅ စက်တင်ဘာ ၁၉၉၆[1] |
အလွယ်ဆုံး တောင်တက်လမ်း | ဆီးနှင်း/ရေခဲ တောင်တက်လမ်း |
ပိတ်ရန်