အိန္ဒိယသမုဒ္ဒရာ
သမုဒ္ဒရာ / From Wikipedia, the free encyclopedia
အိန္ဒိယ သမုဒ္ဒရာ သည် ကမ္ဘာ့ သမုဒ္ဒရာနှင့်စပ်သော နယ်နိမိတ် အပိုင်းအခြားများ၏ တတိယ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ရေထု ၏ ၂၀ ရာခိုင်နှုန်း ကို ဖုံးလွှမ်းထားသည်။ ၎င်းကို မြောက်ဘက်တွင် တောင်အာရှ၊ အနောက်ဘက်တွင် အာဖရိက အရှေ့ပိုင်း၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနား ဆန်းဒါးကျွန်း၊ ဩစတြေးလျနှင့် တောင်ဘက်ပိုင်းတွင်တောင်ဘက်ပိုင်းသမုဒ္ဒရာ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ အန္တာတိကတိုက် ဖြင့် ဝန်းရံထားခြင်းခံရသည်။ ၎င်းသည် အိန္ဒိယ နိုင်ငံအမည်ကို အစွဲပြု၍ခေါ်ဆိုသည့် တစ်ခုတည်း သော သမုဒ္ဒရာ ဖြစ်သည်။ ဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိသမုဒ္ဒရာ ၏ တစ်စိတ်တဒေသဖြစ်သည့် အားလျော်စွာ၊ အိန္ဒိယသမုဒ္ဒရာသည် အတ္တလန္တိတ်သမုဒ္ဒရာ မှ အရှေ့လောင်ဂျီတွဒ် ၂၀° တွင်ရှိပြီး Cape Agulhas (ဩဂယ်ဟက်(စ်) အငူ) မှ တောင်ဘက်သို့ နှင့် ပစိဖိတ် ၏ အရှေ့လောင်ဂျီတွဒ် ၁၄၆° ၅၅' အကွာမှ ဆင်းလာသည်။
အိန္ဒိယသမုဒ္ဒရာ | |
---|---|
Extent of the Indian Ocean according to International Hydrographic Organization | |
တည်နေရာ | တောင်အာရှနှင့် အရှေ့တောင်အာရှ, အနောက်အာရှ, အရှေ့မြောက် အာဖရိက၊ အရှေ့ဩစတြေးလျနှင့် တောင်အာဖရိကနှင့် ဩစတြေးလျတိုက် |
ကိုဩဒိနိတ် | 20°S 80°E |
အမျိုးအစား | သမုဒ္ဒရာ |
အကျယ်ဆုံး အလျား | ၉,၆၀၀ km (၆,၀၀၀ mi) (Antarctica to Bay of Bengal)[1] |
အကျယ်ဆုံး အနံ | ၇,၆၀၀ km (၄,၇၀၀ mi) (Africa to Australia)[1] |
မျက်နှာပြင် ဧရိယာ | ၇၀,၅၆၀,၀၀၀ km2 (၂၇,၂၄၀,၀၀၀ sq mi) |
ပျမ်းမျှအနက် | ၃,၇၄၁ m (၁၂,၂၇၄ ft) |
အနက်ဆုံး အနက်အရှိုင်း | ၇,၂၅၈ m (၂၃,၈၁၂ ft) (Java Trench) |
ကမ်းခြေအလျား၁ | ၆၆,၅၂၆ km (၄၁,၃၃၇ mi)[2] |
အနီးရှိမြို့များ | စာရင်း
|
ရည်ညွှန်းကိုးကား | [3] |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |