ဆောင်းဦး
From Wikipedia, the free encyclopedia
ဆောင်းဦးရာသီ(အင်္ဂလိပ်ဘာသာတွင် Autumn ဟုသုံးနှုန်း၍ အမေရိကန်နှင့် ကနေဒီယန်အင်္ဂလိပ်စာတွင် fall ဟုသုံးသည်။[1]) သည် သမပိုင်း ရာသီ လေးခုတွင် ပါဝင်ပြီး နွေရာသီမှ ဆောင်းရာသီအကြားတွင် တည်ရှိသည်။ မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာလမှ စတင်ပြီး တောင်ကမ္ဘာခြမ်းတွင် မတ်လမှ စတင်သည်။ ဆောင်းဦးဝင်လာသည်နှင့် နေ့အလင်းရောင်ရရှိမှုသည် သိသိသာသာ တိုတောင်းသွားပြီး အအေးဓာတ်သည်လည်း တဖြည်းဖြည်း ပို၍လာကာ ရွက်ပြတ်ပင်တို့မှ ကြွေကျလာသော ရွက်ကြွေတို့သည် ရာသီ၏ သွင်ပြင်ကို လှစ်ဟနေသကဲ့သို့ ရှိသည်။
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့် ရာသီ | |
ဥတုလေးပါး ပြက္ခဒိန် | |
---|---|
နွေဦး ၊ နွေဥတု | |
ခြောက်သွေ့ ရာသီ ၊ စိုစွတ် ရာသီ | |
မုန်တိုင်းများ | |
ထစ်ချုန်း လေနီကြမ်း ၊ Supercell | |
မိုးဖွဲရွာခြင်း ၊ မိုးရွာခြင်း ၊ နှင်းကျခြင်း ၊ နှင်းသီးကြွေခြင်း | |
ခေါင်းစဉ်များ | |
မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ၊ ရာသီဥတု | |
ရာသီ ပေါ်တယ်လ် | |
ရှည်လျားပူပြင်းသော ရာသီမှလွန်လာကာ ဆောင်းဦးရာသီစဝင်လာနှင့် ဆောင်းဦးအလယ်ကဲ့သို့ အချို့သော ယဉ်ကျေးမှုတို့သည် ဆောင်းဦးကာလ နေ့ညညီချိန်တို့နှင့် ဆက်နွယ်နေသည်။[2] မိုးလေဝသပညာရှင်များ (အထူးသဖြင့် တောင်ကမ္ဘာခြမ်းရှိ အပူပိုင်းနိုင်ငံအများစုတွင်)[3] ဆောင်ဦးကာလကို မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ၊ တောင်ကမ္ဘာခြမ်းတွင် မတ်၊ ဧပြီနှင့် မေလများအဖြစ် ဂရီဂေါရီးယန်းပြက္ခဒိန်မှ လများကို အခြေခံ၍ သတ်မှတ်ထားသည်။[4]
မြောက်အမေရိကတွင် ဆောင်းဦးကာလကို စက်တင်ဘာ နေ့ညညီချိန်(၂၁ - ၂၄ စက်တင်ဘာ)[5]တွင် စတင်ပြီး ဒီဇင်ဘာလ၏ ယဉ်စွန်းချိန်(၂၁- ၂၂ ဒီဇင်ဘာ)[6]တွင် ပြီးဆုံးသည်ဟု မှတ်ယူကြသည်။ မြောက်အမေရိက၏ အလုပ်သမားနေ့သည် စက်တင်ဘာလ၏ ပထမဆုံး တနင်္လာနေ့ဖြစ်ရာ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးကာလစတင်ပြီမို့ အဖြူရောင်အင်္ကျီများဝတ်ဆင်ခြင်းကဲ့သို့ နွေကာလတုန်းက စောင့်စည်းပြုမှုဖွယ် အမူကိစ္စအားလုံးမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။[7] နေ့ခင်းနှင့် ညခင်းအပူချိန်တို့လည်း လျော့ကျလာကာ ရော်ရွက်တို့လည်း ကြွေကျလာကြပြီ ဖြစ်သည်။[8] အရှေ့အာရှရိုးရာပြက္ခဒိန် (solar term)များတွင် ဆောင်းဦး သည် ဩဂုတ်လ ၈ ရက် သို့မဟုတ် ထိုရက်တဝိုက်တွင် စတင်ပြီး နိုဝင်ဘာ ၇ ရက်နှင့် ထိုရက်ပတ်လည်တွင် ကုန်ဆုံးသည်ဟု ဆိုကြသည်။ အိုင်ယာလန်နိုင်ငံတွင် အမျိုးသား မိုးလေဝသဌာန ( Met Éireann) အရ ဆောင်းဦးလများမှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သည်။[9] ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများတွင် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့သည် တရားဝင် ဆောင်းဦးရာသီကာလ ဖြစ်သည်။[10]