တောင်ကမ္ဘာလုံးခြမ်း
အီကွေတာတောင်ဘက် ကမ္ဘာတစ်ခြမ်း / From Wikipedia, the free encyclopedia
တောင်ကမ္ဘာလုံးခြမ်း ဆိုသည်မှာ အီကွေတာမှ တောင်ဘက် ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ တောင်ကမ္ဘာလုံးခြမ်းတွင် တိုက်ကြီးငါးတိုက် (အန္တာတိက၊ ဩစတြေးလျ၊ တောင်အမေရိက ၏ တစ်ဆယ်ပုံကိုးပုံ၊ အာဖရိက ၏ သုံးပုံတစ်ပုံ(တောင်ဘက်အခြမ်း)၊ အာရှ၏ တောင်ဘက် ကျွန်းစုအချို့)[1]၊ သမုဒ္ဒရာ လေးခု (အိန္ဒိယသမုဒ္ဒရာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ပိုင်း သမုဒ္ဒရာ၊ တောင်ပစိဖိတ်သမုဒ္ဒရာ)နှင့် အိုရှန်းနီးယားဒေသအများစု ပါဝင်သည်။
ကမ္ဘာသည် တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် တောင်ကမ္ဘာလုံးခြမ်းဒေသတွင် နွေရာသီမှာ ဒီဇင်ဘာလမှ မတ်လ အထိဖြစ်ပြီး၊ ဆောင်းရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်သည်။ နေ့တာနှင့်ညတာ ညီမျှသောရက်များမှာ နွေဦးကာလအတွက် စက်တင်ဘာလ ၂၂ သို့ ၂၃ ရက်ဖြစ်ပြီး ဆောင်းဦးအတွက် မတ်လ ၂၀ သို့ ၂၁ ရက်ဖြစ်သည်။