မဟာစကြဝဠာ ပေါက်ကွဲမှုကြီး
စကြဝဠာ ပိုမိုပူပြင်း၊ သိပ်သည်းပြီး လျင်မြန်စွာ ပြန့်ကားသည့် သီအိုရီဆိုင်ရာ အတိတ်ကာလ / From Wikipedia, the free encyclopedia
မဟာပေါက်ကွဲမှု သီအိုရီ (အင်္ဂလိပ်: Big Bang) သည် စကြဝဠာ၏ အစောဆုံးကာလမှ နက္ခတ္တဗေဒဆိုင်ရာ စံနမူနာတစ်ခုဖြစ်သည်။[1][2][3] စံနမူနာသည် အလွန်ပူပြင်း သိပ်သည်းလှသောအခြေနေမှ စကြဝဠာ ပြန့်ကားလာပုံအား ဖော်ကျူးထားသည်။[4][5] ယင်းတို့မှတဆင့် အလင်း၏ အရာဝတ္ထု ကော့စမစ် မိုက်ခရိုနောက်ခံ၊ အလွန်ကြီးမားသောပုံစံနှင့် ဟာဘေလ်နိယာမတို့ ပါဝင်သည်။ မိမိတို့သိရှိသော ရူပဗေဒနိယာမတို့၏အလွန်တွင် ရောက်ရှိပါက အထူးမှတ် (singularity) တည်ရှိပေမည်။ ခေတ်သစ် ကိရိယာတန်ဆာပလာများသည် စကြဝဠာ၏ သက်တမ်းဟု ဟူဆရသည့် လွန်ခဲ့သောနှစ်ပေါင်း ၁၃.၈ ဘီလီယံအား ရည်ညွန်းနေသည်။[6] ကနဦး ဖောင်းပွမှုပြီးနောက် စကြဝဠာသည် တဖြည်းဖြည်းအေးမြလာပြီး အက်တမ်ခွဲအမှုန်များ ဖွဲ့တည်စေခဲ့ကာ နောက်ပိုင်းတွင် ရိုးရှင်းသော အက်တမ်များကို ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော သမိုင်းဦးဒြပ်စင်များ တိမ်တိုက်ကြီးများသည် ဒြပ်ဆွဲအားများဖြင့် ကြယ်များ ဂယ်လက်ဆီများအား ဖွဲ့တည်စေခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ဂျော့ လီမာတီယာ (Georges Lemaître) မှ ပြန့်ကားနေသော စကြဝဠာသည် မူလအခြေနေသို့ ခြေရာကောက်နောက်လိုက်သင့်သည်ဟု ပထမဆုံးအကြံပေးကတည်းက သိပ္ပံပညာရှင်များသည် သူ၏ ကော့စမစ် ပြန့်ကားမှုစိတ်ကူးအား ပုံဖော်ခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် မဟာပေါက်ကွဲမှုသီအိုရီနှင့် တည်ငြိမ်အခြေနေ သီအိုရီဟု နှစ်ခြမ်းခွဲလိုက်ကြသည်။[7] ၁၉၂၉ ခုနှစ်တွင် အက်ဒွင် ဟပ်ဘယ်မှ ဂယ်လက်ဆီများသည် တစ်ခုနှင့်တစ်ခုဝေးရာသို့ အနီရောင်အရွေ့ (redshifts) အဖြစ်ပြေးလွှားနေကြသည်ဟု စကြဝဠာပြန့်ကားမှု အယူအဆအား အဆိုတင်သွင်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကော့စမစ် မိုက်ခရိုလှိုင်းနောက်ခံရောင်စဉ်အား ရှာဖွေတွေ့ရှိခဲ့ကာ ယင်းသည် မဟာပေါက်ကွဲမှုသီအိုရီအတွက် အင်မတန်ခိုင်မာသော သက်သေတစ်ခုဖြစ်ခဲ့သည်။ ဆူပါနိုဗာများ၏ အနီရောင်အရွေ့များမှ ညွန်ပြနေသည်မှာ စကြဝဠာပြန့်ကားမှုသည် အရှိန်နှင့်ပိုလာသည်ဟု ဆိုသည်။[8] ထို့ကြောင့် လေ့လာမှုသည် စွမ်းအင်မည်း (dark energy) ဆီသို့ ဦးတည်ခဲ့သည်။