Viber
From Wikipedia, the free encyclopedia
Viber သည် cross-platform voice over IP (VoIP) နှင့် မက်ဆေ့ပို့သည့် ဆော့ဝဲအက်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ၎င်းကို ဂျပန်နိုင်ငံရှိ ရခုတန်း (Rakuten) ကုမ္ပဏီက ထုတ်လုပ်သည်။ ဆော့ဝဲအား ဖရီးဝဲလ်အနေဖြင့် အန်းဒရွိုက်၊ iOS, Linux, macOS နှင့် ဝင်းဒိုးတို့တွင် အသုံးပြုနိုင်သည်။ Viber ကို အသုံးပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရသည်။ သို့သော်လည်း Desktop ပလက်ဖောင်းတွင်မူ မိုဘိုင်းဆက်သွယ်မှုမလိုအပ်ဘဲ ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်သည်။[1] ထို့အပြင် Viber သည် နိုင်ငံတကာသို့ အခပေး ကြိုးဖုန်းလိုင်း နှင့် မိုဘိုင်းဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုတစ်ခု ဖြစ်သည့် Viber Out ဝန်ဆောင်မှုကိုလည်း အထောက်အပံ့ ပေးထားသည်။[2] ၂၀၁၈ ခုနှစ်တွင် Viber ကို ကွန်ရက်တွင် မှတ်ပုံတင်အသုံးပြုသည့် အသုံးပြုသူ အရေအတွက်သည် သန်းတစ်ထောင်ကျော်ခဲ့သည်။[3][4]
မူလရေးသူ(များ) | Talmon Marco, Igor Magazinnik |
---|---|
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Rakuten Viber (Rakuten Inc. ၏ အစိတ်အပိုင်း) |
ပထမဆုံး ဖြန့်ချိခြင်း | ဒီဇင်ဘာ ၂၊ ၂၀၁၀; ၁၃ နှစ် အကြာက (၂၀၁၀-၁၂-02) |
ပရိုဂရမ်းမင်း ဘာသာစကား | C/C++/Python (desktop, using SIP နှင့် Qt frameworks), Objective-C (iOS), Java (အန်းဒရွိုက်) |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Cross-platform |
ဆော့ဖ်ဝဲလ် အမျိုးအစား | Instant messaging client, VoIP |
လိုင်စင် | Proprietary |
ဝက်ဘ်ဆိုဒ် | viber.com |
ဆော့ဝဲကို ၂၀၁၀ ခုနှစ်တွင် အစ္စရေးအခြေစိုက် Viber Media သည် တီထွင်ထုတ်လုပ်ခဲ့သည်။ ၎င်းကို ၂၀၁၄ ခုနှစ်တွင် Rakuten က ဝယ်ယူခဲ့သည်။ ၂၀၁၇ ခုနှစ်ကတည်းက ၎င်း၏ အမည်သည်လည်း Rakuten Viber ဖြစ်လာခဲ့သည်။ Viber သည် လူဇင်ဘတ်နိုင်ငံတွင် အခြေစိုက်သည်။[5] Viber ၏ ရုံးများမှာ အမ်စတာဒမ်၊ ဘာစီလိုနာ၊ ဘရက်စ်၊ လန်ဒန်၊ မနီလာ၊ မင့်ဆ်၊ မော်စကို၊ ပါရီ၊ ဆန်ဖရန်စစ္စကို၊ စင်ကာပူ၊ ဆိုဖီယာ၊ တဲအဗစ် နှင့် တိုကျိုမြို့တို့တွင် တည်ရှိသည်။[6]