ကိုရိုနာဗိုင်းရပ်စ် ရောဂါ
From Wikipedia, the free encyclopedia
ဤဆောင်းပါးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါများကို ယေဘုယျသဘော အုပ်စုခွဲခြားပြသခြင်း အကြောင်း ဖြစ်သည်။ COVID-19 အတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ ကို ကြည့်ပါ။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (အင်္ဂလိပ်: coronavirus disease (or) COVID)[1][2] ကို ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းရောဂါ ၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ၊ ကိုရိုနာဗိုင်းရပ်စ် တုပ်ကွေး (သို့) အခြားပုံစံကွဲအမည်တစ်မျိုးမျိုးဖြင့် ခေါ်ဆိုကြ၍ ကိုရိုနာဗိုင်းရပ်စ် (CoV) မိသားစုဝင်များက ဖြစ်စေသောရောဂါတစ်မျိုးဖြစ်သည်။ အောက်ပါရောဂါများကို ညွှန်းဆိုနိုင်သည်။
- ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ (ဆားစ်ရောဂါ - SARS) သည် ဆားစ် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV) ကဖြစ်စေသောရောဂါဖြစ်သည်။ ၂၀၀၂-၀၄၌ ဆားစ်ရောဂါဖြစ်ပွားမှု စတင်ခဲ့၏ ။
- အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းရောဂါ (မားစ်ရောဂါ - MERS) သည် မားစ် ကိုရိုနာဗိုင်းရပ်စ် (MERS-CoV) ကဖြစ်စေသောရောဂါဖြစ်သည်။ ၂၀၁၂-၁၄၌ မားစ်ရောဂါဖြစ်ပွားမှု စတင်ခဲ့၏ ။ ထိုအချိန်မှစတင်၍ မားစ်ရောဂါသည် အခါအားလျှော်စွာ ဖြစ်တတ်၏ ။
- ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉ - COVID-19) သည် ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) ကဖြစ်စေသောရောဂါဖြစ်သည်။ ၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု စတင်ခဲ့ပြီး လက်ရှိတွင် ကူးစက်မြန်သော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်၏ ။
နောက်ထပ် အချက်အလက်များ MERS-CoV, ဆားစ် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV) ...
MERS-CoV | ဆားစ် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV) | ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2) | |
---|---|---|---|
ရောဂါ | မားစ်ရောဂါ | ဆားစ်ရောဂါ | ကိုဗစ်-၁၉ |
ဖြစ်ပွားမှုများ | ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ | ၂၀၀၂-၂၀၀၄ | ၂၀၁၉-၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ |
ကူးစက်ရောဂါပျံ့ပွားခြင်း | |||
ပထမဆုံး စတင်သည့် နေ့စွဲ | ဇွန် ၂၀၁၂ | နိုဝင်ဘာ ၂၀၀၂ | ဒီဇင်ဘာ ၂၀၁၉[3] |
ပထမဆုံး စတင်သည့် နေရာ | ဂျက်ဒါးမြို့, ဆော်ဒီအာရေဗျနိုင်ငံ | ရွှင်းဒါခရိုင် တရုတ်နိုင်ငံ | ဝူဟန်မြို့, တရုတ်နိုင်ငံ |
ပျမ်းမျှအသက် | ၅၆ | ၄၄[4][မှတ်စု 1] | ၅၆[5] |
ကျား/မ အချိုး | 3.3:1 | 0.8:1[6] | 1.6:1[5] |
အတည်ပြုဖြစ်ပွားမှု | ၂၄၉၄ | ၈၀၉၆[7] | ၉၈၁,၀၀၀ (၃-၃-၂၀၂၀)အထိ |
သေဆုံးမှု | ၈၅၈ | ၇၇၄[7] | ၅၀,၂၀၀ (၃-၃-၂၀၂၀)အထိ |
သေဆုံးနှုန်း | ၃၇% | ၉.၂% | ၃.၄% |
ရောဂါလက္ခဏာများ | |||
အဖျား | ၉၈% | ၉၉–၁၀၀% | ၈၇.၉%[8] |
ချောင်းခြောက်ဆိုးခြင်း | ၄၇% | ၂၉–၇၅% | ၆၇.၇%[8] |
အသက်ရှူခက်ခဲခြင်း | ၇၂% | ၄၀–၄၂% | ၁၈.၆%[8] |
ဝမ်းလျှောခြင်း | 26% | ၂၀–၂၅% | ၃.၇%[8] |
လည်ချောင်းနာခြင်း | ၂၁% | ၁၃–၂၅% | ၁၃.၉%[8] |
အသက်ရှုကိရိယာ ထောက်ပံ့ရမှု | ၂၄.၅%[9] | ၁၄–၂၀% | ၄.၁%[10] |
Notes
|
ပိတ်ရန်