နယူးယောက်မြို့
နယူးယောက်ပြည်နယ်၏ အကြီးဆုံးမြို့ / From Wikipedia, the free encyclopedia
နယူးယောက်စီးတီး သို့မဟုတ် နယူးယောက်ဟု ခေါ်ဆိုလေ့ ရှိကြသော နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြို့တစ်မြို့ ဖြစ်သည်။ [1]၂၀၁၈ ခုနှစ် ခန့်မှန်းခြေ လူဦးရေ ၈,၃၉၈,၇၄၈ ဦး ရှိပြီး[2] ကုန်းမြေဧရိယာ ၃၀၂.၆ စတုရန်းမိုင် (၇၈၄ စတုရန်း ကီလိုမီတာ) ပေါ်တွင် နေထိုင်ကြသည်။[3][4] အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများထဲမှ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်း ဖြစ်သည်။ [5] နယူးယောက်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသော နယူးယောက်မြို့သည် ကမ္ဘာပေါ်တွင် မြို့ပြဧရိယာအားဖြင့် အကြီးဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်သော နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ၏ ဗဟိုအချက်အချာတွင် တည်ရှိပြီး[6] ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[7][8] ၂၀၁၈ ခုနှစ် မက်ထရိုပိုလစ်တန် စာရင်းအင်း ဒေသတွင် လူဦးရေ ၁၉,၉၇၉,၄၇၇ ဦး ရှိပြီး ပေါင်းစပ် မက်ထရိုပိုလစ်တန် စာရင်းအင်းဒေသတွင် လူဦးရေ ၂၂,၆၇၉,၉၄၈ ဦး ရှိသည်။[9][10] ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး [11] နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊ [12][13][14][15][16] ငွေကြေးဆိုင်ရာ [17][18] နှင့် မီဒီယာဆိုင်ရာ [19][20] မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကူးသန်းရောင်းဝယ်ရေး၊ [18] ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့တော်အတွင်း လျင်မြန်စွာ လှုပ်ရှား ပြုမှုနေကြခြင်းကြောင့် [21][22][23] နယူးယောက်မိနစ် ဆိုသော စကား ဖြစ်ပေါ်လာခဲ့သည်။ [24] ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ် တည်ရှိရာ မြို့ ဖြစ်သဖြင့် [25] နယူးယောက်မြို့သည် နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါသော နေရာဌာန တစ်ခု ဖြစ်သည်။[26][27]
နယူးယောက်မြို့ | |||
---|---|---|---|
မြို့ပြ | |||
City of New York | |||
ထိပ်မှစ၍ လက်ျာရစ်: မန်ဟက်တန်မြို့လယ်၊ တိုင်းမ်စကွဲယား၊ ယူနီစဖီးယား၊ဘရွတ်ကလင်တံတား ၊ မန်ဟက်တန်အောက်ပိုင်း၊ ဝမ်း ဝေါလ်ထရိတ်စင်တာ၊ စင်ထရယ်ဥယျာဉ်၊ ကုလသမဂ္ဂ ဋ္ဌာနချုပ်၊ လစ်ဘာတီ ရုပ်တု | |||
| |||
နာမည်ပြောင်(များ): ပန်းသီးကြီး, ဂိုသမ်,စကြဝဠာ၏ အလယ်ဗဟို, မအိပ်သောမြို့ | |||
နယူးယောက်ပြည်နယ် အတွင်း တည်နေရာ | |||
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ | |||
ကိုဩဒိနိတ်: 40°43′N 74°0′W | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
ပြည်နယ် | နယူးယောက် | ||
ကောင်တီများ | ဘရောင့်စ် ကင်းစ် နယူးယောက် ကွင်းစ် ရစ်ချ်မွန် | ||
တည်ထောင်ခြင်း | ၁၆၂၄ | ||
အစိုးရ | |||
• အမျိုးအစား | မြို့တော်ဝန် ကောင်စီ | ||
• မြို့တော်ဝန် | အဲရစ် အေဒမ် (ဒီမိုကရက်တစ်ပါတီ) | ||
ဧရိယာ | |||
• မြို့ပြ | ၄၆၈.၉ စတုရန်းမိုင် (၁၂၁၄.၄ စတုရန်းကီလိုမီတာ) | ||
• ကုန်းမြေ | ၃၀၄.၈ စတုရန်းမိုင် (၇၈၉.၄ စတုရန်းကီလိုမီတာ) | ||
• ရေထု | ၁၆၅.၆ စတုရန်းမိုင် (၄၂၈.၈ စတုရန်းကီလိုမီတာ) | ||
• မြို့ပေါ် | ၃၃၅၂.၆ စတုရန်းမိုင် (၈၆၈၃.၂ စတုရန်းကီလိုမီတာ) | ||
• မြို့ပြကြီး | ၆၇၂၀ စတုရန်းမိုင် (၁၇၄၀၅ စတုရန်းကီလိုမီတာ) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၃ ပေ (၁၀ မီတာ) | ||
လူဦးရေ (July 1, 2009) | |||
• မြို့ပြ | ၈၃၉၁၈၈၁ | ||
• သိပ်သည်းမှု | ၂၇၅၃၂/sq mi (၁၀၆၃၀/km၂) | ||
• မြို့ပေါ် | ၁၈၂၂၃၅၆၇ | ||
• မြို့ပေါ် သိပ်သည်းမှု | ၅၄၀၀/sq mi (၂၁၀၀/km၂) | ||
• မြို့ပြကြီး | ၁၉၀၀၆၇၉၈ | ||
• မြို့ပြကြီး သိပ်သည်းမှု | ၂၈၀၀/sq mi (၁၁၀၀/km၂) | ||
• Demonym | New Yorker | ||
အချိန်ဇုန် | EST (UTC-5) | ||
• နွေရာသီ (DST) | EDT (UTC-4) | ||
ZIP codes | 100xx-104xx, 11004-05, 111xx-114xx, 116xx | ||
ဧရိယာကုဒ်(များ) | 212, 718, 917, 347, 646 | ||
ဝက်ဘ်ဆိုဒ် | www.nyc.gov |
ကမ္ဘာပေါ်တွင် အကြီးဆုံးသော သဘာဝဆိပ်ကမ်း တစ်ခုပေါ်တွင် တည်ရှိသော [28][29] နယူးယောက်မြို့တွင် ဘားရာ ဟု ခေါ်သော ဒေသအပိုင်းအခြား ၅ ခု ပါဝင်ပြီး ထိုဒေသ ၅ ခုစလုံးသည် နယူးယောက်ပြည်နယ်၏ သီးခြား ကောင်တီတစ်ခုစီ ဖြစ်သည်။[30] ထိုဘားရာ ငါးခုမှာ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နှင့် စတေတန်အိုင်းလန်း တို့ ဖြစ်ကြပြီး ၁၈၉၈ ခုနှစ်တွင် မြို့တစ်မြို့တည်း အဖြစ် စုစည်းခဲ့သည်။[31] မြို့တော် နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် ဝင်ရောက်ရာ ထိပ်တန်း လူဝင်မှုကြီးကြပ်ရေးဝင်ပေါက် တစ်ခု ဖြစ်သည်။[32] နယူးယောက်မြို့တွင် ဘာသာစကား ၈၀၀ ကျော်ကို ပြောဆိုလျက် ရှိကြ သဖြင့်[33][34][35] ကမ္ဘာပေါ်တွင် ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်အဖြစ် တည်ရှိသည်။[34][36][37] နယူးယောက်မြို့တော်သည် အမေရိကန်ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော လူ ၃.၂ သန်းကျော်တို့ နေထိုင်ရာမြို့ ဖြစ်သဖြင့်[38] ကမ္ဘာပေါ်တွင် နိုင်ငံခြားတွင် မွေးဖွားသူ အများဆုံး နေထိုင်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။[39] ၂၀၁၉ ခုနှစ်တွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသ၏ စုစုပေါင်း မက်ထရိုပိုလစ်တန် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ မျှ ရှိသည်။[40] အကယ်၍ နယူးယောက်မြို့တော်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည် ဆိုပါက ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ၁၂ ခုမြောက် အမြင့်ဆုံး နိုင်ငံ တစ်ခု ဖြစ်ပေလိမ့်မည်။[41] နယူးယောက်သည် ကမ္ဘာပေါ်ရှိ မြို့တော်များတွင် ဘီလီယံနာ သူဌေး အများဆုံး မြို့ဖြစ်သည်။[42]
နယူးယောက်မြို့၏ မူလအစကို ခြေရာခံကြည့်မည် ဆိုပါက ၁၆၄၂တွင် ဒတ်ချ်သမ္မတနိုင်ငံမှ ကိုလိုနီသမားတို့ မန်ဟတ်တန်အောက်ပိုင်းဒေသတွင် တည်ထောင်ခဲ့သော ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်သည်။ ထိုနေရာအား ၁၆၂၆တွင် နယူးအမ်စတာဒမ်ဟု အမည်ပေးခဲ့သည်။ .[43]၁၆၆၄ တွင် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသတို့ အင်္ဂလိပ်တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး[43] အင်္ဂလန်ရှိ ဒုတိယမြောက် ချားလ်ဘုရင်မှ ၎င်း၏ ညီအစ်ကို တော်စပ်သူ ယောက်မြို့စားကြီး အား ပေးအပ်ရာမှ နယူးယောက်ဟု အမည် ပြောင်းလဲခဲ့သည်။[44]နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ [45] ၁၇၉၀ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိခဲ့သည်။[46] ၁၉ ရာစုနှောင်းပိုင်း နှင့် ၂၀ ရာစု အစောပိုင်းတို့တွင် အမေရိကန်သို့ သင်္ဘောဖြင့် ရောက်ရှိလာကြသည့် သန်းပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများအား လေဘာတီ ရုပ်တုမှ နှုတ်ခွန်းဆက်သခဲ့ပြီး။[47]၎င်းသည် နိုင်ငံတကာအတွက် အမေရိကန်၏ သင်္ကေတတစ်ခု ဖြစ်ရုံသာမက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ [48] ၂၁ရာစုတွင် နယူးယောက်သည်တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင် လုပ်ကိုင်ဆောင်ရွက်မှု၊ [49]လူမှုရေးဆိုင်ရာ သည်းခံမှုနှင့် [50]သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်မျှော်ရည်ထိန်းသိမ်းနိုင်မှု[51][52] တကမ္ဘာလုံး၏ ဆုံချက်တစ်ခု ဖြစ်ရုံသာမက လွတ်လပ်မှု နှင့် ယဉ်ကျေးမှု ပေါင်းစုံ ကွဲပြားခြားနားနေမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။[53]၂၀၁၉ ခုနှစ်တွင် တကမ္ဘာလုံးရှိ မြို့ကြီးပေါင်း ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံရာတွင် မြို့တော်၏ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာပေါ်တွင် အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခြင်း ခံရသည်။[12]
နယူးယောက်မြို့ရှိ ရပ်ကွက်များနှင့် အထိမ်းအမှတ်အဆောက်အဦးများကို အပြင်လူများက ကောင်းစွာ သိရှိကြကာ ၂၀၁၃ ခုနှစ် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်လည်ပတ်သော နေရာ ၁၀ ခုအနက် ၃ ခုသည် နယူးယောက်မြို့တွင် ရှိပြီး[54] ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဦးရေ ၆၂.၈ သန်း လာရောက်လည်ပတ်ခဲ့သည်။[55]အချို့သူများက နယူးယောက်အား ကမ္ဘာပေါ်တွင် ဓာတ်ပုံအများဆုံး ရိုက်ကူးရာ နေရာ အဖြစ် မှတ်တမ်းတင်ကြသည်။[56] ကမ္ဘာ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသော တိုင်းမ်စကွဲယား နှင့် [57] ၎င်းနှင့် လမ်းဆုံရာတွင် ရှိသော [58] မီးများ ထိန်ထိန်ညီးအောင် ထွန်းညှိထားသော ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက်[59] တို့သည် ကမ္ဘာပေါ်တွင် ခြေလျင်ခရီးသွား အများပြားဆုံး လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ[60][61] ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။[62] မြို့တော်၏ အထိမ်းအမှတ် အဆောက်အဦးများ၊ မိုးမျှော်တိုက်များ [63] နှင့် ပန်းခြံများ၏ အမည်များကို ကမ္ဘာအနှံ့အပြားတွင် သိရှိကြသည်။ မန်ဟတ်တန်၏ အိမ်ခြံမြေဈေးသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဖြစ်သည်။[64][65] နယူးယောက်သည် အာရှ၏ ပြင်ပတွင် တရုတ်လူမျိုးအများဆုံး နေထိုင်ရာ နေရာဖြစ်ပြီး[66][67] မြို့အနှံ့တွင် တရုတ်တန်းအဖြစ် နေရာအများအပြားကို ဖော်ဆောင်လျက် ရှိကြသည်။[68][69][70] ၂၄ နာရီ ၇ ရက် ဆက်တိုက် ဝန်ဆောင်မှု ပေးနေသော[71] နယူးယောက် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် အော်ပရေတာ တစ်ဦးတည်းမှ ဝန်ဆောင်မှု ပေးနေသော အမြန်ရထားစနစ် ဖြစ်ပြီး ဘူတာရုံပေါင်း ၄၇၂ ခု ရှိသည်။[72][73][74]နယူးယောက်မြို့တွင် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၁၂၀ ကျော် ရှိပြီး ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ရာတွင် ထိပ်ဆုံး၌ ပါဝင်သော[75][76] ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ ပါဝင်သည်။ ဝေါလမ်းမှ ထိန်းချုပ်စုစည်းထားသော မန်ဟတ်တန်အောက်ပိုင်းရှိ ငွေကြေးရပ်ကွက်ကြောင့် နယူးယောက်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဩဇာတိက္ကမ အကြီးမားဆုံး နှင့် ကမ္ဘာပေါ်ရှိ ဦးဆောင်ဦးရွက် ငွေကြေးဌာန အဖြစ် ခေါ်ဝေါ်ကြကာ[18][77][78][79] ကမ္ဘာပေါ်တွင် စုစုပေါင်း ဈေးကွက်ဝေစုအရ အကြီးဆုံးဖြစ်သော စတော့ခ်အိတ်ချိန်း နှစ်ခု ဖြစ်သည့် နယူးယောက် စတော့ခ် အိတ်ချိန်း နှင့် နတ်ဇ်ဒတ်ဇ် စတော့ခ်အိတ်ချိန်း တို့ သည်လည်း နယူးယောက်မြို့တွင် ရှိသည်။[80][81]