နွေရာသီ အိုလံပစ် အားကစားပွဲတော်
From Wikipedia, the free encyclopedia
နွေရာသီအိုလံပစ်အားကစားပွဲတော် ( ပြင်သစ်: Jeux olympiques d'été ) [1] သို့မဟုတ် ၁၈၉၆ ခုနှစ်တွင်ပထမဆုံးကျင်းပခဲ့သော အိုလံပစ်အားကစားပြိုင်ပွဲသည် ပုံမှန်အားဖြင့် လေးနှစ်တစ်ကြိမ်ကျင်းပသော နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ အားကစားပွဲတစ်ခုဖြစ်သည်။ လတ်တလောနွေရာသီအိုလံပစ် အား ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရို တွင်ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) သည် အားကစားပွဲများကို စီစဉ်ပြီး အိမ်ရှင်နိုင်ငံ၏ပြင်ဆင်မှုများကို ကြီးကြပ်သည်။ အိုလံပစ် ပြိုင်ပွဲတိုင်းတွင် ပထမနေရာများကို ရွှေတံဆိပ် ၊ ဒုတိယနေရာကို ငွေတံဆိပ်များနှင့် ကြေးဝါတံဆိပ်များ ကိုတတိယနေရာအတွက်ချီးမြှင့်သည်။ ဒီအစဉ်အလာကို ၁၉၀၄ခုနှစ်တွင် စတင်ခဲ့သည်။ ဆောင်းရာသီအိုလံပစ်အားကစား ကို နွေရာသီအိုလံပစ်၏အောင်မြင်မှုအရ ဖန်တီးခဲ့ခြင်းဖြစ်သည်။
နွေရာသီ အိုလံပစ် အားကစားပွဲတော် | |
---|---|
အိုလံပစ်မီရူးတိုင်အား ရီယိုဒီဂျနရိုမြို့၌ ၂၀၁၆ နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲကာလအတွင်းမြင်တွေ့ရစဉ် | |
အားကစားပြိုင်ပွဲ | |
အားကစားနည်း (အသေးစိတ်) | |
|
၁၈၉၆ ခုနှစ်တွင် နိုင်ငံ ၁၄ နိုင်ငံမှအမျိုးသားပြိုင်ပွဲဝင် ၂၅၀ ဦးထက်နည်းသော ပြိုင်ပွဲပေါင်း ၄၂ခု ဖြင့်ကျင်းပလာသော အိုလံပစ်အားကစားပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၂၀၆ နိုင်ငံမှ အားကစားနည်း ၃၀၆နည်းတွင် ပြိုင်ပွဲဝင် ၁၁,၂၃၈ဦး (အမျိုးသား ၆,၁၇၉ ဦး၊ အမျိုးသမီး ၅,၀၅၉) အထိတိုးပွားလာသည်။
နွေရာသီအိုလံပစ်ကို တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း (၁၉) နိုင်ငံကတွင်ကျင်းပခဲ့သည်။ အဆိုပါအားကစားပြိုင်ပွဲအား အမေရိကန်ပြည်ထောင်စု မှ လေးကြိမ်( ၁၉၀၄, ၁၉၃၂, ၁၉၈၄ နှင့် ၁၉၉၆ ခုနှစ်) ၊ ဂရိတ်ဗြိတိန်မှ သုံးကြိမ်( ၁၉၀၈, ၁၉၄၈နှင့် ၂၀၁၂ ခုနှစ် များတွင် နှစ်ကြိမ်စီ) ၊ ဂရိနိုင်ငံမှ နှစ်ကြိမ်( ၁၈၉၆ နှင့် ၂၀၀၄ ခုနှစ်) ၊ပြင်သစ်နိုင်ငံ ( ၁၉၀၀ နှင့် ၁၉၂၄ခုနှစ်) ၊ ဂျာမနီနိုင်ငံ ( ၁၉၃၆ နှင့် ၁၉၇၂ခုနှစ်) နှင့် ဩစတြေးလျနိုင်ငံ ( ၁၉၅၆ နှင့် ၂၀၀၀ခုနှစ် ၊ နှင့် ဆွီဒင်မှ တစ်ကြိမ်( ၁၉၁၂ခုနှစ်)၊ ဘယ်လ်ဂျီယံနိုင်ငံ ( ၁၉၂၀ခုနှစ် )၊ နယ်သာလန်နိုင်ငံ ( ၁၉၂၈ခုနှစ် )၊ ဖင်လန် ( ၁၉၅၂ခုနှစ် )၊ အီတလီနိုင်ငံ ( ၁၉၆၀ခုနှစ် )၊ ဂျပန်နိုင်ငံ ( ၁၉၆၄ ခုနှစ် )၊ မက္ကဆီကိုနိုင်ငံ ( ၁၉၆၈ ခုနှစ်)၊ ကနေဒါနိုင်ငံ ( ၁၉၇၆ခုနှစ် )၊ ဆိုဗီယက်ယူနီယံ ( ၁၉၈၀ခုနှစ် )၊ တောင်ကိုရီးယားနိုင်ငံ ( ၁၉၈၈ ခုနှစ်)၊ စပိန်နိုင်ငံ ( ၁၉၉၂ ခုနှစ် )၊ တရုတ်နိုင်ငံ ( ၂၀၀၈ ခုနှစ်) နှင့် ဘရာဇီးနိုင်ငံ ( ၂၀၁၆ခုနှစ် ) အိမ်ရှင်နိုင်ငံများအဖြစ် အသီးသီးလက်ခံကျင်းပခဲ့ကြသည်။
အိုင်အိုစီသည် ၂၀၂၀ နွေရာသီအိုလံပစ် ကိုကျင်းပရန် ဒုတိယအကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံ တိုကျို ကိုရွေးချယ်ခဲ့သည်။ (သို့သော် အခြေအနေအရ ၂၀၂၁ခုနှစ် တွင်ပြုလုပ်မည်ဖြစ်) ၂၀၂၄ နွေရာသီအိုလံပစ် ကို ပြင်သစ်နိုင်ငံ ပါရီမြို့ ၌ တတိယအကြိမ်ကျင်းပမည်ဖြစ်သည်။(၎င်း၏ နောက်ဆုံးနွေရာသီအိုလံပစ်ပွဲအား ၁၉၂၄ ခုနှစ်တွင် လက်ခံကျင်းပခဲ့ခြင်းဖြစ်) အိုင်အိုစီသည် ၂၀၂၈ နွေရာသီအိုလံပစ် အတွက် လော့စ်အိန်ဂျယ်လိစ်မြို့ ၊ကယ်လီဖိုးနီးယားပြည်နယ် အားရွေးချယ်ထားသေးသည်။
နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲကို ဩစတြေးလျ ၊ ပြင်သစ်နိုင်ငံ ၊ ဂရိတ်ဗြိတိန် ၊ ဂရိနိုင်ငံ နှင့် ဆွစ်ဇာလန်နိုင်ငံ တို့မှာ နှစ်စဉ် ပုံမှန်မပျက်ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ယူနိုက်တက်စတိတ်သည် နွေရာသီအိုလံပစ်အတွက် ဆုတံဆိပ်ရ ဇယားတွင် အမြဲလိုလို ဦးဆောင်သည်။