ရော်နီ အို ဆူလစ်ဗန်
From Wikipedia, the free encyclopedia
ရော်နယ်လ် အန်တိုနီယို အို ဆူလစ်ဗန် (အင်္ဂလိပ်: Ronald Antonio O'Sullivan; ၅ ဒီဇင်ဘာ ၁၉၇၅ မွေးဖွား[1][2]) သည် အင်္ဂလိပ်လူမျိုး ကမ္ဘာ့ထိပ်တန်းစနူကာအားကစားသမားတစ်ယောက်ဖြစ်ကာ စနူကာလောကတွင် အအောင်မြင်ဆုံးကစားသမားများအနက်တစ်ဦးဖြစ်လေသည်။ ၁၉၉၂ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုကူးပြောင်းခဲ့သည်မှစ၍ ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်(World Championship)၊ မာစတာချန်ပီယံ ၇ ကြိမ် (Masters titles)၊ ယူကေချန်ပီယံ ၇ ကြိမ် (UK Championships)ဖြင့် စုစုပေါင်း သုံးထပ်ကွမ်းသရဖူပြိုင်ပွဲ (Triple Crown) များတွင် (၂၀) ဆုအထိရရှိထားသော ကစားသမားလည်းဖြစ်သည်။[2][4] ဆုအများဆုံး (၃၇) ဆု ယူနိုင်ခဲ့သော စံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ ယူကေချန်ပီယံ နှင့် မာစတာပြိုင်ပွဲတွင် အသက်ငယ်ဆုံးအနေဖြင့် ရရှိသောကစားသမားစံချိန်ကိုလည်းပိုင်ဆိုင်ထား၏ ။ ၂၀၁၇-၁၈ ရာသီ၌ ဟန်ဒရီ၊ မာ့ခ် ဆဲလ်ဘီ၊ ဒင် ဂျွန်ဝေးတို့နှင့်အတူ တစ်ရာသီထဲတွင် အဆင့်သတ်မှတ်သော ပြိုင်ပွဲအရပ်ရပ်၌ ဆု (၅) ခုအထိရယူနိုင်သော စံချိန်ပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ထားနိုင်၏ ။ ပြိုင်ပွဲ အရပ်ရပ်မှရရှိသော ဆုကြေးငွေ ပေါင်(၁၁) သန်းကျော်မှာ စနူကာသမိုင်းတွင် တစ်ခြားသောကစားသူများ မရရှိဖူးသော အမြင့်ဆုံးပမာဏလည်းဖြစ်ပေသည်။[5]
ဂျာမန်မာစတာ ၂၀၁၅ တွင် တွေ့ရသော ရောနီ အို ဆူလစ်ဗန် | |
မွေးဖွား | (1975-12-05) ၅ ဒီဇင်ဘာ၊ ၁၉၇၅ (အသက် ၄၈) Wordsley, West Midlands, အင်္ဂလန်[1] |
---|---|
ကိုယ်စားပြု နိုင်ငံ | အင်္ဂလန် |
အမည်ပြောင် | The Rocket[2] |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | ၁၉၉၂– |
အမြင့်ဆုံး အဆင့် | အဆင့် (၁) (၂၀၀၂ မေ–၂၀၀၃ မေ၊ ၂၀၀၄ မေ–၂၀၀၆ မေ၊ ၂၀၀၈ မေ–၂၀၁၀ မေ, ၂၀၁၉ မတ်-ဩဂုတ်) |
ကစားသမားဘဝ အောင်မြင်မှုများ | £ ၁၁,၆၆၅,၁၅၅ |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၇ (၁၅ ကြိမ်)[3] |
အမှတ် (၁၀၀) (သို့) အထက် | ၁,၁၀၇ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၃၇ |
Minor-ranking | ၃ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၃၄ |
ကမ္ဘာ့ချန်ပီယံ |
|
တစ်ချီတည်းဖြင့် အမှတ်ရာချီထိုးနိုင်သူ ရော်နီ အို ဆူလစ်ဗန်သည် 'အမှတ်ရာချီထိုးနိုင်မှု' အကြိမ်အရေအတွက် (၁၀၀၀) သို့ရောက်ရှိခဲ့သော တစ်ဦးတည်းသော ကစားသမားလည်းဖြစ်သည်။[6] စနူကာတွင် သတ်မှတ်အမြင့်ဆုံးအမှတ် (၁၄၇)မှတ် (maximum breaks)ကို တရားဝင်ပြိုင်ပွဲများမှ အများဆုံးရယူနိင်ခဲ့သလို ၁၉၉၇ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် (၁၄၇)မှတ်ကို ၅ မိနစ် ၈ စက္ကန့်ဖြင့်ကမ္ဘာ့အမြန်ဆုံးထိုးနိင်သူအဖြစ်လည်းမှတ်တမ်းတင်ထားနိုင်၏။[7][8] ကမ္ဘာ့အဆင့်နံပါတ်တစ် နေရာကို ၂၀၀၂-၀၃ တွင်စတင် ရရှိခဲ့ပြီး စုစုပေါင်း ရာသီ ၈ခု တွင် ရာသီ ၅ ခုမှာ ထို အဆင့် (၁) နေရာကို ထိန်းထားနိုင်ခဲ့သူလည်းဖြစ်ခဲ့သည်။ ၂၀၁၉ မတ်လတွင် (၉) နှစ်ကြာကွာဝေးနေသော အဆင့် (၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ကမ္ဘာ့နံပါတ်(၁)အဖြစ် ရယူနိုင်စွမ်းရှိသော ကာလ တစ်ခုနှင့်တစ်ခုကြား ထို (၉) နှစ်သည်အကြာဆုံး အချိန်ကာလလည်းဖြစ်ကာ ဩဂုတ်လအထိ ထိုနေရာကို ထိန်းထားနိင်ခဲ့သည်။
အို ဆူလစ်ဗန် မှာ စနူကာလောက၌ အငြင်းပွားဖွယ်ကောင်းသော ကစားသမားလည်း မကြာခဏဆိုသလိုဖြစ်ခဲ့၏။ ၎င်း၏ ခန့်မှန်းမရနိုင်သော စိတ်အခြေနေ၊ အရက်၊ ဆေး၊ စိတ်ကျရောဂါတို့ကို ရုန်းကန်နေခဲ့ရသောအခြေအနေများကြောင့် ၎င်း၏ အပြုမူပိုင်း၊ မှတ်ချက်ပြုပြောဆိုမှုများအပေါ်တွင် ထိုအားကစားတာဝန်ရှိသူများမှ သတိပေးခြင်း၊ တားမြစ်ခြင်းတို့ကိုလည်း အကြိမ်များများခံခဲ့ရသည်။[9] ၂၀၁၂-၁၃တွင် အချိန်အတော်ကြာအနားယူခဲ့ပြီး အနားယူတော့မည်ဟု ထပ်တလဲလဲ ပြောဆိုမှုများလည်းရှိခဲ့သည်။[10] အားကစားပြင်ပတွင် ယူရိုစပေါ့တ် ( Eurosport) မီဒီယာ၌ စနူကာသတင်းများအတွက် ကျွမ်းကျင်သူအဖြစ်လည်းလုပ်ကိုင်သည်။ မှုခင်းဝတ္ထုများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိများလည်း ရေးသားသည်။ ရော်နီ အို ဆူလစ်ဗန်၏ အမေရိက ပျားပန်းခပ် ကျူရုံများ ( ပူးလ်အားကစား သို့ နံပါတ်ဘော) ရှာဖွေလေ့လာခြင်း တီဗီစီးရီးတွင်ပါဝင် တင်ဆက်ခဲ့သေးသည်။ ၂၀၁၆ နှစ်သစ်ဂုဏ်ပြုပွဲတွင် OBE ဘွဲ့အပ်နှင်းခံရသည်။