အာကာသ
From Wikipedia, the free encyclopedia
အာကာသ (ခေါ်) စပေ့စ် (ခေါ်) ရပ်ဝန်း (သို့မဟုတ်) နေရာအကျယ်အဝန်းသဘော (အင်္ဂလိပ်: space) သည် အရာဝတ္ထု အစအနလေး၂ခု တစ်နေရာတည်း၊ တစ်မှတ်တည်း၌ ရှိမနေမှု ဖြစ်ပေါ်အောင် ဆောက်ရွက်သကဲ့သို့ ရှိသော သဘောတရား ဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် အာကာသသည် နေရာအကျယ်အဝန်းသဘော ဖြစ်သည်။
ကျွန်ုပ်တို့ ကျွမ်းဝင်နေထိုင်ရာ လောကအကြောင်း ဖော်ပြသော ရူပဗေဒအပိုင်းတွင် အရာဝတ္ထုနှင့်ဖြစ်ရပ်များထဲတွင် တည်နေရာနှင့် လားရာနှင့်ဆက်နွယ်ပြီး ဘောင်စည်းမျည်းမရှိသော သုံးဒိုင်မင်ရှင်းရှင်နယ် (three dimensional) နေရာလွတ်ပင်ဖြစ်သည်။[1] “အာကာသ” ဟု ဆိုလိုက်လျှင် အချို့လူများက ကမ္ဘာ့အပြင်ဘက်ကိုချည်း ဆိုလိုသည် ထင်ကြသော်လည်း စင်စစ်အားဖြင့် ရူပဗေဒ၌ “အာကာသ” (space) ဟူသည် နေရာအကျယ်အဝန်းသဘော အလုံးစုံကို ဆိုလိုပြီး “အချိန်” (time)ဟူသည့် သဘောတရားနှင့် တွဲဖက်လေ့လာဖွယ် ဖြစ်သည်။ ထို့ကြောင့် လေထုပြင်ပ လေဟာနယ် ဖြစ်သွားသည့် အပိုင်းကို ကွက်၍ ရည်ညွှန်းလိုလျှင် “အပြင်အာကာသ (outer space)” ဟု စနစ်တကျ ခွဲခြားသုံးနှုန်းနိုင်သည်။
သင်္ချာတွင်မူကား “အာကာသ(space)” ဆိုသည်မှာ ထို့ထက် ပိုမိုနက်နဲသွားသည်။
အာကာသ (ရပ်ဝန်း) သဘောတရားတစ်ခု၏ အဓိပ္ပါယ်မှာ အတိုင်းဆက သက်ရောက်ဖော်ပြမှ ပေါ်လွင်သည်။
ရုပ်ပိုင်းဆိုင်ရာ အာကာသအား လီနီယာ ဒိုင်မင်ရှင်း (linear dimensions) အဖြစ် စဉ်းစားသော်လည်းရူပဗေဒပညာရှင်များသည် အချိန်ကိုပါထပ်ပေါင်းကာ လေးဒိုင်မင်ရှင်နယ် (four dimensional) အဖြစ် စဉ်းစားကြသည်။ ယင်းအား အာကာသအချိန် (spacetime)ဟု သိထားသည်။ အာကာသ အယူအဆသည် ခပ်သိမ်းလောကအားနားလည်ရန်အတွက် အခြေခံအရေးပါချက်ဖြစ်သည်။ အာကာသသည် စစ်စစ် ဗလနတ္ထိဟု ယခင် ပညာရှိကဝိများက တွေးဆခဲ့ကြလေသည်။ ယင်းတို့တွင် ပလေတို၊ အရစ္စတိုတယ်၊ ဆိုကရေးတီး၊ အစရှိသည်ဖြင့် ပါဝင်ကြသည်။ ဂန္ဓဝင် မက္ကင်းနစ်တွင် နယူတန်က အာကာသဆိုသည်မှာ ပုံသေဖြစ်ပြီး ယင်းတွင် မည်သည့်အရာဝတ္တု ရှိသည်ဖြစ်စေ အမြဲတမ်းနှင့် အမှီအခိုကင်းမဲ့သည်ဟု ဆိုလေသည်။[2] ၁၉ ရာစုနှင့် ၂ဝ ရာစုများတွင် အာကာသသည် ကွေးညွတ်နိုင်သည်ဟု တွေးဆခဲ့ကြလေသည်။ အိုင်းစတိုင်း၏ အထွေထွေနှိုင်းရသီအိုရီအရ အာကာသသည် အနီးအနားမှ ဒြပ်ဆွဲငင်အားများကြောင့် ပြောင်းလဲသည်ဟုဆိုသည်။[3]