၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ (သို့မဟုတ်) ၂၀၂၂ ပေကျင်း (အင်္ဂလိပ်: 2022 Winter Olympic၊ တရုတ်: 2022年冬季奥林匹克运动会; ပင်ယင်: Èr Líng Èr'èr Nián Dōngjì Àolínpǐkè Yùndònghuì) သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပခဲ့ပြီး အားကစားနည်းပေါင်း (၇)မျိုး ထည့်သွင်းကျင်းပခဲ့သည်။
အိမ်ရှင်နိုင်ငံ | ပေကျင်းမြို့၊ တရုတ်နိုင်ငံ | ||
---|---|---|---|
ဆောင်ပုဒ် | |||
နိုင်ငံများ | ၉၁ | ||
ပါဝင်ယှဉ်ပြိုင်သူ | ၂၈၇၁ | ||
ပွဲစဉ်များ | ၁၀၉ (အားကစားနည်း ၇မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၄ ဖေဖော်ဝါရီ ၂၀၂၂ | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဖေဖော်ဝါရီ ၂၀၂၂ | ||
ဖွင့်လှစ်သူ | ရှီကျင့်ဖျင် (သမ္မတ) | ||
Cauldron | Dinigeer Yilamujiang Zhao Jiawen | ||
အားကစားကွင်း | ပေကျင်း အမျိုးသားအားကစားကွင်း | ||
ဆောင်းရာသီ အားကစားပွဲ | |||
| |||
နွေရာသီ အားကစားပြိုင်ပွဲ | |||
|
၂၀၂၂ဆောင်းရာသီပွဲတော်သည် တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖြစ်သည်။ ၂၀၁၈ ပြုံချမ်းဆောင်းရာသီပွဲတော်၊ ၂၀၂၀ တိုကျိုနွေရာသီပွဲတော်၊ ၂၀၂၂ပေကျင်းဆောင်းရာသီပွဲတော် တို့အား တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတို့၌ ကျင်းပသဖြင့် အရှေ့အာရှဒေသ၌ အိုလံပစ်ပြိုင်ပွဲများကို တစ်ဆက်တည်း ပြိုင်ပွဲ (၃)ခု ကျင်းပခြင်းဖြစ်သည်။ ပေကျင်းမြို့သည် ၂၀၀၈နွေရာသီပြိုင်ပွဲကို လက်ခံကျင်းပခဲ့သေးသည်။ ထို့ကြောင့် နွေရာသီပြိုင်ပွဲကို လက်ခံကျင်းပသည့်မြို့သည် ဆောင်းရာသီပြိုင်ပွဲကို လက်ခံကျင်းပခြင်းမှာ သမိုင်းတွင် ပထမဆုံးဖြစ်သည်။ ပေကျင်း အမျိုးသားအားကစားကွင်း အပါအဝင် ပေကျင်း၂၀၀၈ပွဲတော်တွင် အသုံးပြုခဲ့သည့် အားကစားကွင်းများကို ဤ၂၀၂၂ပေကျင်းပွဲတော်တွင် ထည့်သွင်း အသုံးပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ရှင်ကျန်းဒေသရှိ လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲချက်နှင့်အတူ ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အမေရိကန်အပါအဝင် နိုင်ငံအချို့က ကြေညာထားခဲ့သည်။[2]နော်ဝေနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ တရုတ်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။